မြန်မာ

စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက နေအိမ်လုံး(၅)ထပ်မနည်းထပ်မံမီးလောင်

[videopress sM8yaNbI] နိုဝင်ဘာလ ၂၇ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီး တွေနဲ့ပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်းကနေအိမ်(၅)လုံးထပ်မနည်း ထပ်မံမီးလောင် ပျက်စီးခဲ့တယ်လို့ KNLAသတင်းအရင်းအမြစ်တွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ ၂၆ရက်နေ့ မနက်၅နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ် တောင်ကလေးစခန်း၊ မုဒုံမြို့အမြှောက်တပ်နဲ့ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့နေရာတွေကလက်နက်ကြီးတွေနဲ့…

မြန်မာ

သီလဝါ ရေတပ်သင်္ဘောကျင်းဌာနချုပ်က တပ်ကြပ်ကြီးတစ်ဦး မြိတ်ခရိုင်တပ်ရင်း(၁)ကို လာရောက်ပူးပေါင်း

နိုဝင်ဘာလ ၂၇ရက်နေ့၊ ၂၀၂၃ခုနှစ်   ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်မြို့ရှိ လွန်ကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် (သီလဝါ) က တပ်ကြပ်ကြီးတစ်ဦး ပုလောမြို့ကို ခွင့်နဲ့ပြန်လာရင်း မြိတ်ခရိုင်တပ်ရင်း(၁)ကို အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေတာဝန်ခံဆီကနေ သိရပါတယ်။ သီလဝါ ရေတသင်္ဘောဌာနချုပ်ကနေ…

မြန်မာ

ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကရဟတ်ယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်

နိုဝင်ဘာလ ၂၅ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်တယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာပတ်ပတ်လည်ကို စစ်ကောင်စီတပ်ဘက်က Mi (35) ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေရဲ့  ပြောပြချက်အရသိရပါတယ်။ နိုဝင်ဘာလ ၂၄ရက်နေ့ နေ့လည်၁၂နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်မှ…

မြန်မာ

သံတောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးနဲ့ ညတိုင်းနီးပါးပစ်ခတ်နေ

  နိုဝင်ဘာလ ၂၅ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ လိပ်သိုလ်မြို့ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိဘဲ လိပ်သိုလ်မြို့အခြေစိုက်စစ်တပ် ခမရ (၆၀၃) တပ်က​နေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ညတိုင်းပြုလုပ်နေတယ်လို့ သံတောင်မြို့ဒေသခံတွေဆီက သိရပါတယ်။ သံတောင်မြို့မှာ…

မြန်မာ

ထားဝယ်မြို့ ကညန ရုံးအနီးမှာ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်တာကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးကျည်ထိမှန် ဒဏ်ရာရ

နိုဝင်ဘာလ ၂၅ရက်နေ့၊ ၂၀၂၃ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကညနရုံးအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးကို ကားနဲ့ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ အနောက်ကနေ လိုက်လံ ပစ်ခတ်တာကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ခြေထောက်မှာ ကျည်ထိမှန်ရရှိခဲ့တယ်လို့ ထားဝယ်မြို့ခံတွေဆီက‌နေ သိရပါတယ်။…

မြန်မာ

ပုလောမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

နိုဝင်ဘာလ ၂၄ရက်နေ့၊ ၂၀၂၃ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ချုပ်ရေးမှူးရုံးကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PRDFရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၂ရက်နေ့၊ ည‌ ၉နာရီလောက်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို…

မြန်မာ

သပြေရှောင်ရွာက တဲ(၃၀)ကျော်နဲ့ ဆိုင်ကယ်(၂၁)စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၂၄ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ သပြေရှောင်ရွာက တဲ(၃၀)ကျော်နဲ့ ဆိုင်ကယ် (၂၁)စီးကို သပြေရှောင်ရွာထဲ ရေလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သပြေရှောင်ရွာ ဒေသခံတွေ ဆီကနေ သိရပါတယ်။ နိုဝင်ဘာလ…

မြန်မာ

တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ

နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က နိုဝင်ဘာလ အစပိုင်းလောက်ကစပြီး…

မြန်မာ

စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ချောင်းနှစ်ခွကျေးရွာကနေအိမ်(၅)လုံးထပ်မံမီးလောင်

  နိုဝင်ဘာလ ၂၄ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ ကျိုက်မရောမြိုု့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ကျေးရွာအတွင်းက နေအိမ်(၅)လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ(၂၃)ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တောင်ကလေးရဲစခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် မွန်စုဘက်ကိုလက်နက်ကြီး…

မြန်မာ

စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာကနေအိမ်(၁၆)လုံးထပ်မနည်းမီးလောင်ပျက်စီး

နိုဝင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီး နဲ့ပစ်ခတ်တာလေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ကျေးရွာအတွင်းက ဒေသခံပြည်သူ တွေရဲ့နေအိမ်(၁၆)လုံးထပ်မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ နိုဝင်ဘာလ (၂၃)ရက်နေ့ထိကို စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်း တပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်(၁၆)လုံးထပ်မနည်းမီးလောင်…