မြန်မာ

စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) တပ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတာကြောင့် လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်

နိုဝင်ဘာလ ၂၃ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ခမရ (၉၇) ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။…

မြန်မာ

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်နေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သား ကင်(မ်) ဦးဆောင်ပြီး တက်တူးလုပ်ရှားမှုပြုလုပ်

နိုဝင်ဘာလ ၂၂ ရက် ၂၀၂၃ ခုနှစ်   ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်(မ်) ဦးဆောင်ပြီး နွေဦးတော်လှန်ရေး တက်တူးထိုး…

မြန်မာ

မူးဒူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့

နိုဝင်ဘာလ ၂၂ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း အနီးရှိ မူးဒူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မူးဒူးရွာဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၁၈)ရက်နေ့မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်း(၂)ကြောင်းနဲ့ မူးဒူးရွာထဲကို…

မြန်မာ

တောင်ကလေးကျေးရွာမှာ စစ်ကောင်စီကသေနတ်နဲ့ပစ်ခတ်လို့ ဒေသခံအမျိုးသား(၁)ဦးသေဆုံး

နိုဝင်ဘာလ ၂၂ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးကျေးရွာမှာစစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကျေးရွာသားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေ ဆီကနေသိရပါတယ်။ နိုဝင်ဘာလ (၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်ကျေးရွာအတွင်း သေနတ်သံ(၅)ချက်ကြားခဲ့ ရပြီး ဒီနေ့နိုဝင်ဘာလ(၂၂)ရက်နေ့မနက်ပိုင်းမှတော့အသက်(၃၅)နှစ်ဝန်းကျင် အရွယ်ဦးသိန်းထွန်း ရဲ့ အလောင်းကို တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာတွေ့ရှိခဲ့ရတယ်လို့…

မြန်မာ

တောင်ကလေးကျေးရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်တာတွေ ပြုလုပ်နေ

နိုဝင်ဘာလ ၂၁ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တောင်ကလေးကျေးရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်တာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ(၂၀)ရက်နေ့ မနက်(၉)နာရီဝန်းကျင်အချိန်မှာ တောင်ကလေးရဲစခန်းအနီးပိတ်ထား တဲ့ လမ်းပိုင်းကိုဖြတ်သွားတဲ့သူနှစ်ဦးကို စစ်ကောင်စီတပ်သားတွေကသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးမှာသေဆုံးကာ နောက်တစ်ဦးမှာ…

မြန်မာ

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး

နိုဝင်ဘာလ ၂၁ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့တော်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၂၁)ရက်နေ့ မနက်…

မြန်မာ

ကမမောင်းရှိရပ်ကွက်(၂)ခုကအိမ်ခြံမြေ(၁၃)ကွက်ပိုင်ရှင်တစ်ချို့ကို BGFတပ်ဖွဲ့မှဖမ်းဆီးခြိမ်း ခြောက်တာတွေပြုလုပ်နေ

နိုဝင်ဘာလ ၂၀ရက်၊ ၂၀၂၃ခုနှစ်   ကရင်ပြည်နယ်၊ကမမောင်းမြို့က ရပ်ကွက်(၂)ခုမှာရှိတဲ့ အိမ်ခြံမြေ(၁၃)ကွက်ပိုင်ရှင်တစ်ချို့ကို စစ်ကောင်စီတပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်တွေနဲ့ အရင်ခြံပိုင်ရှင်ဆိုသူတွေပူးပေါင်းကာ ဖမ်းဆီးခြိမ်းခြောက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ၁၇ရက်နေ့မှာ ကမမောင်းမြို့က ရပ်ကွက်(၂)ခုမှာရှိတဲ့ အိမ်ခြံမြေ(၁၃)ကွက်မှ ဒေါ်ဆဖူးရာပိုင်ဆိုင်တဲ့မြေကွက်ကို ဒေါ်လိုတီဖားက သူပိုင်ဆိုင်တယ်ဆိုကာ စစ်ကောင် စီတပ်လက်အောက်ခံ…

မြန်မာ

မုဒုံမြို့မရဲစခန်း ဒရုန်းနဲ့ (၅) ကြိမ်တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်   မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မြို့မရဲစခန်း ဒရုန်းနဲ့ (၅) ကြိမ်တိုင် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရ​တာကြောင့် ရဲစခန်းဝင်းထဲမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် မုဒုံမြို့ဒေသခံတွေဆီက သိရပါတယ်။…

မြန်မာ

မောင်မယ်ရှောင်ရွာမှာ အရက်ဝိုင်းဖွဲ့သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ပစ်ခတ်ခံရတာကြောင့် (၁၀)ဦးသေဆုံး

နိုဝင်ဘာလ ၂၀ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ ရှင်ဓာတ်ဝဲဘုရားအနီးမှာ အရက်ဝိုင်းဖွဲ့သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား (၁၀)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၁၉)ရက်နေ့၊…

မြန်မာ

ဝါရစ်ရွာက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အလစ်ဝင်တိုက်ခံရလို့ ရဲဘော်နှစ်ဦး ကျဆုံး

နိုဝင်ဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ  ဝါရစ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၁၆ရက်နေ့၊ နေ့လည် ၁၁နာရီလောက်မှာ ပျူစောထီးတွေပူးပေါင်းပါဝင်တဲ့ အင်အား…