စကခ (၁၉) တပ်က စစ်ကောင်စီတပ်သား ၄ ဦးဘက်ပြောင်းခိုလှုံ
By – ထက်မြတ်
Date – May 14 , 2026
မွန်ပြည်နယ် ၊ ရေးမြို့စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) တပ်က စစ်အုပ်စုတပ်သား ၄ ဦး ဘက် ပြောင်းခိုလှုံခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ဆီကသိရပါတယ်။
စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး အတင်းအဓမ္မစစ်မှုထမ်းဆောင်ရတဲ့ မောင်ပြည့်ဖြိုးမောင် ၊ မောင်မင်းထက် ၊ မောင်အေးမင်းလှိုင် နဲ့ မောင်အားဂျင်တို့ ၄ ဦးဟာ ဘက်ပြောင်းခိုလှုံဖို့အတွက် ရေးဘီလူးတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့်ချိတ်ဆက်ခဲ့ပြီး မေလ ၁၃ ရက် နေ့လယ်ပိုင်းလောက်မှာ ကာကွယ်ရေးတပ်က သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
“သူတို့ ၄ ယောက်က ကျနော်တို့ နဲ့ ချိတ်ဆက်မိပြီးပြေးတာဆိုတော့ လုံလုံခြုံခြုံပဲ။သူတို့ကို ကျနော်တို့ကြိုထုတ်နိုင်ခဲ့တယ်။သူတို့က ကျနော်တို့ဆီကို လူမှုကွန်ယက်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းပြီးတော့ဝင်ရောက်ခဲ့တာ။သူတို့တွေကအကြောင်းကြောင်းကြောင့် ပေါ်တာဆွဲခံရတဲ့သူတွေပေါ့”လို့ ရေးဘီလူးတပ်ရင်းမှူးကပြောပါတယ်။
အဲဒိ့တပ်သားသစ် ၄ ဦးဟာ ဝဲကလိ အမှတ် ၄ စစ်သင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် ၂၂ တက်ရောက်ခဲ့ကြရပြီး ၄ ဦးထဲက ၂ ဦးဟာ မြဝတီမြို့ဇာတိဖြစ်ပြီး ကျန်နှစ်ဦးကတော့ ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ရွာသား၂ဦးဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် သူတို့ ဘက်ပြောင်းခိုလှုံဖို့အတွက် ကာကွယ်ရေးတပ်က သွားရောက်ခေါ်ဆောင်ချိန်မှာလည်း အခက်အခဲမရှိခေါ် ထုတ်နိုင်ခဲ့သလို လက်ရှိမှာတော့ ၎င်းတို့ ၄ ဦးကို လုံခြုံရေးအရစောင့်ရှောက်ထားပြီး ၎င်းတို့သွားလိုလုပ်ကိုင်လိုသည့် စိတ်ဆန္ဒအတိုင်း အကူအညီပေးသွားမယ်လို့ သိရပါတယ်။
အနားပေးထားတယ်လို့သိရပါတယ်။
“သူတို့ကိုသွားခေါ်တဲ့အချိန် ထွေထွေထူးထူးခက်ခဲတာတော့မရှိဘူး။ ကျနော်တို့က ရေး သားဖြစ်တဲ့အတွက်ကြောင့်မို့လို့ လမ်းပိုင်းကိုတော့ ကျနော်တို့အမြဲတမ်းဦးတာပေါ့နော်။သူတို့ ၄ ယောက်က ကျနော်တို့ နဲ့ ချိတ်ဆက်မိပြီးပြေးတာဆိုတော့ လုံလုံခြုံခြုံပဲသူတို့ကို ကျနော်တို့ကြိုထုတ်နိုင်ခဲ့တယ်။သူတို့ဘက် က ဘာဆက်လုပ်မလဲ ဆန္ဒကိုတော့ ကျနော်တို့မမေးမြန်းရသေးဘူး။လက်ရှိမှာတော့ ခဏတော့ အနားပေးထားအုံးမယ်၊ နောက်ပိုင်းမှ သူတို့ဆန္ဒအတိုင်းကျနော်တို့က စီစဉ်ဆောင်ရွက်ပေးမယ်”လို့ အထက်ပါ တပ်ရင်းမှူးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ခမရ ၅၈၆ တပ်ရင်းက စစ်မှုထမ်းတပ်သား ၃ ဦး ရှေ့တန်းစစ်ကြောင်းကနေ ထွက်ပြေးလာလို့
ရေးဘီလူးတပ်ရင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။
