ရေးမြို့နယ်မှာ တစ်ရက်ထဲ အမျိုးသား၂ဦးသတ်ဖြတ်ခံရ
မတ်လ ၁၈ ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ရေး− သံဖြူဇရပ်လမ်းပိုင်းနေရာတွေမှာပဲတစ်ရက်ထဲအမျိုးသားနှစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ မတ်လ၁၇ရက်နေ့ မနက်၇နာရီဝန်းကျင်အချိန် ရေး−သံဖြူဇရပ်လမ်းမပေါ်မှာ အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးလက်ပြန်ကြိုးတုပ်ကာ လည်ပင်းကိုလည်း ဓာနဲ့လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။…







