မြန်မာ

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို ဆက်တိုက်ပြုလုပ်နေ

မတ်လ ၈ရက်၊၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ်လ ၇ရက်…

မြန်မာ

သင်္ဃန်းညီနောင်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိနေ

မတ်လ ၈ရက် ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေကာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဒေသခံအရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မတ်လ ၇ ရက်နေ့နေ့လည် ၁နာရီဝန်းကျင်အချိန်ကနေစပြီး သင်္ဃန်းညီနောင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်လက်အောက်ခံ ခလရ…

မြန်မာ

မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်

မတ်လ ၇ရက်နေ့၊ ၂၀၂၄ခုနှစ်   ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ မေတ္တာမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အရှေ့တောနယ် ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၆ရက်နေ့၊ မနက် ၁၀နာရီလောက်မှာ အရှေ့တောဒေသရှိ…

မြန်မာ

ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းအပျက်အစီးများတာကြောင့် နေ့တိုင်းယာဉ်တိမ်းမှောက်နေ

မတ်လ၇ ရက်၊ ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နဲ့ မြဝတီ−ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ထို့ကော်ကိုးလမ်းပိုင်းကိုအသုံးပြုသွားလာနေကြပြီး အဲ့ဒီလမ်းပိုင်းမှာလည်းလမ်းအပျက်အစီးများတာကြောင့် နေ့တိုင်းယာဉ်တိမ်းနေမှောက်တာတွေဖြစ်ပေါ်နေပါတယ်။ ထို့ကော်ကိုးလမ်းပိုင်းမှာအခုရက်ပိုင်းအတွင်းလမ်းအပျက်အစီးပိုမိုများပြားလာကာ လမ်းပျက်တဲ့နေရာတေွကို ချက်ချင်းပြင်ဆင်မှုမရှိတာကြောင့် အခုလို လမ်းအပျက်အစီးပိုများလာတာဖြစ်သလိုမော်တော်ယာဉ်တွေမှာလည်း နေ့တိုင်းနီတိမ်းမှောက်နေတာဖြစ်ပြီး လူသေဆုံးတာမျိုးတော့မရှိဘူးလို့ကုန်တင်ယာဉ်မောင်းတစ်ဦးပြောပါတယ်။ “လမ်းအခြေနေကဆိုသထက်ဆိုးပဲ ထို့ကော်ကိုးလမ်းကတော့ နေ့တိုင်းပိတ်တာပဲ…

မြန်မာ

ကော့ကရိတ်မြို့ထဲ ပစ္စည်းဝင်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေ

မတ်လ ၇ ရက် ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ထဲရှိ နေအိမ်တွေမှာ ပစ္စည်းတွေ ပြန်လည်ဝင်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက…

မြန်မာ

ကျောက်နီမော်ရွာမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်

[videopress 08chBH5h] မတ်လ ၆ရက်နေ့၊ ၂၀၂၄ခုနှစ်   လောင်းလုံမြို့နယ်၊ ကျောက်နီမော်ရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အလစ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ LLPDFရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။ မတ်လ ၃ရက်နေ့၊…

မြန်မာ

ဇဟာအမြောက်တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက သမိုင်းဝင်ရှင်ဓာတ်ဝဲဘုးရားဝင်းထဲကို ကျရောက်ပေါက်ကွဲ

မတ်လ ၅ရက်နေ့၊ ၂၀၂၄ခုနှစ်   ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ ထားဝယ်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၄ရက်နေ့၊ နေ့လည်…

မြန်မာ

ဘားအံမြို့ရှိ အလင်းအိမ် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခံရ

မတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၁၈ ​အခြေခံပညာ မူလတန်းကျောင်းရှေ့ရှိ အလင်းအိမ် လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ်လ ၃ ရက်နေ့…

မြန်မာ

ချောင်းနှစ်ခွရွာနဲ့အနီးအနားကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို စစ်တပ်ကသယ်ယူပြီး လိုက်လံရောင်းချနေ

မတ်လ ၅ ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာဒေသခံပြည်သူတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်ဘက်မှ သယ်ယူကာ ပြန်လည်ရောင်းချတာမျိုးတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာအနီးတစ်ဝိုက်တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ချောင်းနှစ်ခွကျေးရွာအတွင်းကျန်ရှိနေတဲ့နေအိမ်တွေ ကအိမ်အသုံးအဆောင်ပစ္စည်းတစ်ချို့နဲ့…

မြန်မာ

စစ်ကောင်စီတပ်က စုံစင်ဖျားရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံး

မတ်လ ၅ ရက်နေ့၊ ၂၀၂၄ခုနှစ်   သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သရက်ချောင်းမြို့နယ်‌ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၄ရက်နေ့၊ ညနေ ၄နာရီခွဲလောက်မှာ…