
မတ်လ၇ ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နဲ့ မြဝတီ−ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ထို့ကော်ကိုးလမ်းပိုင်းကိုအသုံးပြုသွားလာနေကြပြီး အဲ့ဒီလမ်းပိုင်းမှာလည်းလမ်းအပျက်အစီးများတာကြောင့် နေ့တိုင်းယာဉ်တိမ်းနေမှောက်တာတွေဖြစ်ပေါ်နေပါတယ်။
ထို့ကော်ကိုးလမ်းပိုင်းမှာအခုရက်ပိုင်းအတွင်းလမ်းအပျက်အစီးပိုမိုများပြားလာကာ လမ်းပျက်တဲ့နေရာတေွကို ချက်ချင်းပြင်ဆင်မှုမရှိတာကြောင့် အခုလို လမ်းအပျက်အစီးပိုများလာတာဖြစ်သလိုမော်တော်ယာဉ်တွေမှာလည်း နေ့တိုင်းနီတိမ်းမှောက်နေတာဖြစ်ပြီး လူသေဆုံးတာမျိုးတော့မရှိဘူးလို့ကုန်တင်ယာဉ်မောင်းတစ်ဦးပြောပါတယ်။
“လမ်းအခြေနေကဆိုသထက်ဆိုးပဲ ထို့ကော်ကိုးလမ်းကတော့ နေ့တိုင်းပိတ်တာပဲ အရင်လောက်တော့ကားမပိတ်တော့ဘူး ကားမှောက်တာတော့နေ့တိုင်းလိုပဲ သေဆုံးတာတော့မရှိဘူးထိခိုက်ဒဏ်ရာရတာလောက်ပဲရှိတာကားမှောက်တာတွေကလမ်းဆိုးပြီးမှောက်ကြတာမရှိန်များပြီးမှောက်ကြတာမဟုတ်တော့ လူထိခိုက်နည်းတယ်ပျက်တဲ့လမ်းတွေလည်းချက်ချင်းမလုပ်ပေးတော့ပိုဆိုးကုန်တာပေါ့”ဆိုပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နဲ့မြဝတီ−ကော့ကရိတ်အာရှလမ်းမမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် မြဝတီမြို့မှာ ကျန်ရှိနေတဲ့ တွဲကား(၂၂ဘီး)တွေကိုထိုးကော်ကိုးလမ်းကနေပြန်ပေးသွားနေပြီး မြဝတီကနေ ထို့ကော်ကိုးတောင်ခြေအထိအရောက် ကုန်ပစ္စည်းမပါတဲ့တွဲကား(၂၂ဘီး)တစ်စီးကို ဂိတ်ကြေးသိန်း၄၀ ကျော်ကနေ သိန်း၅၀ကျော်ထိပေဆောင်ရတယ်လို့ နောက်ထပ်ယာဉ်မောင်းတစ်ဦးကဆိုပါတယ်။
“ထို့ကော်ကိုးကခု၁၂ဘီးတွေသွားနေပါတယ် လက်ရှိကားကြီးကအဲ့လမ်းပဲရတာ အတက်တစ်ရက်အဆင်းတစ်ရက် တွဲကားတွေတော့ အရင်ကပိတ်မိထားတဲ့ကားတွေခါလီပဲပေးဖြတ်သေးတယ်လမ်းကြေးတင်းမနည်းပေးရတယ် အောက်အရောက်ပို့တာ ၄၀ကျော် ၅၀နီးပါးကုန်တယ်အရင်က ၅၀၀၊၁၀၀၀တောင်းတဲ့ဂိတ်တွေလည်း အခုတစ်သောင်းပေးတဲ့ မပေးနိုင်ရင်အလာနဲ့တဲ့”လို့သူကဆိုပါတယ်။
ထို့ကော်ကိုးလမ်းပိုင်းက နေရာတစ်ချို့မှာ ကွန်ကရစ်လမ်းခင်းနေသလို လမ်းအတက်မြင့်နဲ့နေရာတွေမှာလည်းထွန်စက်များထားရှိထားကာ တက်မနိုင်တဲ့ကားတွေကို ဆွဲပေးနေပြီး ခရီးသွားကားသေးတစ်ဦးကို ၃၀၀၀၀ကျပ်နဲ့ ၆ဘီးတစ်စီးကို၅၀၀၀၀ကျပ်ငြိမ်းချမ်းရေးကောင်စီ P.Cအဖွဲ့ကို ပေးဆောင်ရတာဖြစ်တယ်လို့ ယာဉ်မောင်းတွေကပြောပါတယ်။
အရင်က ကားထောင်ချီသွားလာနေတဲ့ လမ်းပိုင်းမှာ အခုနောက်ပိုင်း လမ်းကြေးအများအပြားကောက်ခံတာ၊ကုန်းပစ္စည်းရှားပါးလာတာတွေကြောင့် တစ်ရက်ကို ကား၇၀၀၊၈၀၀ ဝန်းကျင်သာသွားလာတော့သလိုဒေသခံပြည်သူတွေမှာလည်း ခရီးစရိတ်မြင့်တက်တာ ၊ ကုန်ဈေးနှုန်းမြင့်တက်တာတွေနဲ့ရင်ဆိုင်နေရတယ်လို့ မြဝတီမြို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)