မြန်မာ

ဓမ္မသရွာမှာ တိုက်ပွဲတွေငြိမ်သက်နေတာကြောင့် ဒေသခံပြည်သူတွေ ကျေးရွာထဲ ပြန်လည်နေထိုင်

  ဧပြီလ ၃၀ရက် ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာမှာ တိုက်ပွဲတွေငြိမ်သက်နေတာကြောင့် ဒေသခံပြည်သူတွေ  ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဓမ္မသကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၂၇ရက်နေ့ကနေ ဧပြီလ ၂၂ရက်နေ့အထိ…

မြန်မာ

ကော့ကရိတ်မြို့က မီးမလောင်ပဲကျန်ရှိနေတဲ့ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံထားရ

ဧပြီလ ၃၀ရက် ၂၀၂၄ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်းက မီးမလောင်ပဲကျန်ရှိနေတဲ့ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံရပြီး တန်ဖိုးကြီးပစ္စည်းတွေအပါအဝင်အိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နေအိမ်အတွင်းကျန်ရှိခဲ့တဲ့  တီဗွီ၊ရေခဲသေတ္တာ၊ဆိုလာ၊အိုးခွက်ပန်းကန်တွေအပါအဝင်တခြားလျှပ်စစ်ပစ္စည်းမျိုးစုံကို စစ်ကောင်စီတပ်သားတွေက  ကားနဲ့သယ်ယူတာတွေရှိသလို မြို့တွင်းကသူခိုးတွေလည်း ခိုးယူတာတွေ ရှိတယ်လို့ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “တိုက်မှန်သမျှဖောက်ခံထိတာဖွထားတာလည်းရစရာမရှိဘူး တချို့တွေဆိုလည်း မျက်မြင်တွေ့တယ် TEကားနဲ့ပစ္စည်းတွေအပြည့်သယ်သွားတာ …

မြန်မာ

ရွာစဉ်လှည့်ပြီးပေါ်တာဆွဲနေတဲ့စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့(၅) ဦးသေဆုံး

[videopress BfVewI2m] ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကျေးရွာတွေဘက်မှာ လှည့်လည်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဧပြီလ ၂၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူ‌တွေရှိတယ်လို့မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုကဧပြီလ…

မြန်မာ

တောင်ငူ-သံတောင်လမ်းရှိ စစ်တပ်စခန်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်

ဧပြီလ ၂၉ရက် ၊၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ တောင်ငူ-သံတောင်လမ်းရှိ စစ်‌ကောင်စီတပ်စခန်းတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သံတောင်မြို့မှာ ဧပြီလ အစပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လက်နက်ကြီးနဲ့…

မြန်မာ

မြို့တွင်းအခြေအနေကိုပြန်ကြည့်တဲ့ ကော့ကရိတ်မြို့ကပြည်သူတွေကိုစစ်တပ်က အစစ်ဆေးပြုလုပ်နေ

ဧပြီလ၂၉ရက် ၂၀၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း အခြေအနေကို ပြန်လည်ကြည့်ရှုတဲ့ဒေသခံ ပြည်သူတွေကို စစ်ကောင်စီတပ်ကမြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးမေးမြန်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်ကကော့ကရိတ်မြို့တွင်း ပြန်လည် နေထိုင်လို့ရပြီလို့ကြေညာခဲ့ပြီးနောက် ဒေသခံတွေကမြို့တွင်းပြန်လည်ဝင်ရောက်ကြည့်ရှုချိန်မှာတော့ စစ်တပ်က ကော့ကရိတ်မြို့အဝင်ကြာပန်းအဝိုင်းမှာလာသမျှကား၊ ဆိုင်ကယ်တွေကိုနာမည်၊မှတ်ပုံတင်နဲ့နေရပ်လိပ်စာတွေကိုစစ်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။…

မြန်မာ

ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ၃ရက်ဆက်တိုက်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

[videopress IK1Zwga1] ဧပြီလ ၂၉ရက်နေ့၊ ၂၀၂၄ခုနစ် စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ၊ ပလမြို့ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ၃ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြား‌ရေးတာဝန်ခံဆီကနေ သိရပါတယ်။ ဧပြီလ ၂၅ရက်နေ့နဲ့…

မြန်မာ

သဲကုန်းက LGBT တစ်ဦးကို ရွှေငွေယူဆောင်ပြီးသတ်သွား

ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြိုနယ်၊ ဝက်ပုတ်ရွာ စိန်ပန်းမြိုင်မုန့်ဟင်းခါးဖိုမှ အမျိုးသားတစ်ဦးဟာ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီလောက်မှာ အိမ်ကထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့တယ်လို ဒေသခံဆီက သိရပါတယ်။…

မြန်မာ

မြဝတီအမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ် ၊ ထိုင်းဘက်ခြမ်းကို ရက်လွန်ကြေးပေးဆောင်နေရ

ဧပြီလ ၂၈ရက် ၂၀၂၄ ထိုင်း−မြန်မာအမှတ်(၁)ချစ်ကြည်ရေးတံတားကို ဒီနေ့ဧပြီလ (၂၇) ရက်နေ့ မနက်၁၀နာရီဝန်းကျင်အချိန်မှာပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ ကမ်းကူးလက်မှတ်တစ်ပတ်ကဒ်နဲ့၁၄ရက်စာအုပ်ကိုင်ဆောင်သူတွေဆီကနေရက်လွန်ကြေးကောက်ခံတာမျိုးရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှ ရက်လွန်ကြေးအဖြစ် သုံးရက်အောက် ရက်လွန်သူတွေကို ထိုင်းဘတ်ငွေ (၁၀၀)ဘတ်ဒဏ်ကြေးပေးဆောင်ရသလို၊ သုံးရက်နဲ့အထပ် ရက်လွန်သူတွေကိုတော့ ထိုင်းဘတ်ငွေ…

မြန်မာ

ထားဝယ်မြို့မှာ မီးပုံမှန်မလာပေမဲ့လည်း မီတာခတွေ လေးဆခန့်မြင့်တက်နေ

ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ် တနင်္သာရီတိုင်း၊ ထားဝယ်မြိုမှာ ပုဂ္ဂလိကမီး သုံးစွဲသူတွေဟာ မီးပုံမှန်မရရှိ‌ပေမဲ့လဲ မီတာခ‌တွေကတော့ ယခင်ပေးဆောင်ရတဲ့ ဈေးနှုန်းထက် ပိုမိုပေးဆောင်လာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိ ထားဝယ်မြို့ မှာ Petro…

မြန်မာ

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စွယ်တော်ကုန်းစစ်တပ် အမြောက်ကုန်းနေရာဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၈ရက် ၂၀၂၄ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စွယ်တော်ကုန်း စစ်တပ် လက်နက်ကြီးကုန်းဝန်းကျင်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဧပြီလ ၂၅ရက်နေ့ ည ၁၁နာရီကျော်လောက်မှာ စစ်တပ်က…