
ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြိုနယ်၊ ဝက်ပုတ်ရွာ စိန်ပန်းမြိုင်မုန့်ဟင်းခါးဖိုမှ အမျိုးသားတစ်ဦးဟာ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီလောက်မှာ အိမ်ကထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့တယ်လို ဒေသခံဆီက သိရပါတယ်။
အသတ်ခံရတဲ့ ကိုကျော်မင်းသူဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အလောင်းကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ ဝက်ပုတ်ရွာအနီးက ဆည်မြောင်းထဲမှာ တွေ့ခဲ့ရတယ်လို အထက်ပါဖြစ်ရပ်ကို သိရှိသူ အမျိုးသမီးတစ်ဦးက People’s Radio Myanmar ကို ပြောပါတယ်။
“ပစ္စည်းတွေလုပြီး သတ်သွားတာပါ သူက LGBTပါ သူ့သူငယ်ချင်းဒုက္ခရောက်နေလို လာခဲ့ပါဆိုပြီး လူ၂ယောက်က ဖုန်းဆက်ပြောလို သွားလိုက်တာတဲ့လူရင်းပါတယ်တဲ့ အဲဒီလူတွေကလုပီးသတ်သွားတာပါ” လို သူကပြောပါတယ်။
ကိုကျော်မင်းသူစီးသွားတဲ့ ဆိုင်ကယ် ကလစ်ဘီးကိုချန်ခဲ့ပြီး သူဝတ်လာတဲ့ နားကပ် ၅ ခု ၊ ဟန်းချိန်း ၊ လက်စွပ် ၊ ဖုန်း စတာတွေကိုယူဆောင်သွားပြီး ငွေကြေးတန်ဖိုးအားဖြင့် ကျပ် သိန်း ၂၀၀ ဝန်းကျင်ရှိတယ်လိုလဲ သိရပါတယ်။
သူဟာ ရပ်ကွက်ထဲမှာအနေအေးသူတစ်ဦးဖြစ်သလို ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှလဲ ရန်ညိုးရန်စ မရှိဘူးလို သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုကျော်မင်းသူမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၂ ချက်နဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာ ၄ ချက်နဲ့ သေဆုံးခဲ့ကာ ယခုကိစ္စကို အင်းမရဲစခန်းမှူးကိုတိုင်ကြားပြီး သေဆုံးသူ၏ ကျန်ရှိရုပ်အလောင်းကို အင်းမဆေးရုံသို ဧပြီလ ၂၅ ရက်နေ့ ၂ နာရီခွဲ တွင်ပိုဆောင်ခဲ့ကာ ညနေ ၄ နာရီ တွင် အိမ်သို ပြည်လည်သယ်ဆောင်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့က မိသားစုဝင်များက သင်္ဂြိုလ်ပေးခဲ့တယ်လို သိရပါတယ်။
အမှုအခင်းနဲ့ပက်သက်ပြီး အင်းမရဲစခန်းနှင့် ပေါင်းတည်ရဲစခန်းကို အမှုဖွင့်ထားပြီး အသိသက်သေများနဲ့ ကိုကျော်မင်းသူနဲ့ နီးစပ်သူ အပေါင်းအသင်းများကို ခေါ်ယူစစ်ဆေးနေပြီး တရားခံကိုမမိသေးဘူးလို ကိုကျော်မင်းသူရဲ့ အစ်မဖြစ်သူထံက သိရပါတယ်။ သတင်း- Naw Drizzle ပုံ- လူမှုကွန်ရက်