မြန်မာ

ဂမုန်းဆည်မှာတပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့  ၃ဦးသေဆုံး

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၂၄ခုနှစ်   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာက စစ်ကောင်စီတပ်သားတွေဟာ ဂမုန်းဆည်ပေါ်မှာတဲ့ ရှင်းလင်းဆောင်မှာလာရောက်တပ်စွဲနေထိုင်နေတာကြောင့် နယ်မြေခံတော်လှန်ရေးအင်အားစုရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၆ရက်နေ့မနက်၇နာရီဝန်းကျင်အချိန်မှာ ဂမုန်းဆည်မှာရှိတဲ့ရှင်းလင်းဆောင်မှာ အင်အား၅၀လောက်နဲ့ တပ်စွဲနေထိုင်နေတဲ့ ဝိုင်းကျေးရွာရဲစခန်းက…

မြန်မာ

စစ်ကောင်စီတပ်ရဲ့ခလရ (၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်

[videopress 10bhKpoY] ဇန်နဝါရီလ ၁၇ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီသားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ဇန်နဝါရီလ ၁၇ရက်နေ့ မနက်၆နာရီဝန်းကျင်အချိန်မှာ မော့ကနင်အခြေစိုက် ခလရ(၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်…

မြန်မာ

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းဒပ်ရွာက နေအိမ် ၄လုံးပျက်စီး

ဇန်နဝါရီလ ၁၇ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၆ရက်နေ့၊ မနက် ၆နာရီဝန်းကျင်လောက်မှာ ဝင်းဝရဲစခန်းမှာ…

မြန်မာ

လက်ခတ်တောင်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၁၇ရက်၊ ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။ လက်ခတ်တောင်တပ်စခန်းကုန်းကို KNLA…

မြန်မာ

ဘုရားသုံးဆူမြို့မှာ အပစ်ရပ်DKBAအဖွဲ့မှ ညမထွက်ရအမိန့်ထုတ်ပြန်

ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာအပစ်ရပ်DKBAအဖွဲ့မှ ညမထွက်ရအမိန့်ထုတ်ပြန် ကြေငြာပြီးနောက် သတ်မှတ်ထားတဲ့အချိန်ထပ်ကျော်လွန်ပြီးသွားလာတဲ့သူတွေလည်း ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်ခိုင်းတာမျိုးတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါ တယ်။ ဇန်နဝါရီလ ၁၃ရက်နေ့မှာ  အပစ်ရပ်DKBAအဖွဲ့မှ ည၁၀နာရီကနေ မနက်၅နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီးနောက် သတ်မှတ်ချိန်ကျော်လွန်သူတွေကိုဖမ်းဆီးကာ…

မြန်မာ

သက္ကလမြို့အထွက်မှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေမိုင်းခွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ ၁၆ ရက် ၊ ၂၀၂၄ ခုနှစ်   ပဲခူးတိုင်း ၊ ကဝမြို့နယ်၊ သက္ကလမြို့အထွက်မှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Kawa People Defense Force –…

မြန်မာ

ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ရွာတွင်းက နေအိမ်တွေကို လိုက်လံမီးရှို့နေ

ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကိုလိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဇန်နဝါရီလ၁၄ရက်နေ့မှာတော့ ချောင်းနှစ်ခွကျေးရွာအတွင်းတပ်စွဲနေထိုင်နေတဲ့ စစ်သားတွေဟာ ရဲစခန်းအနီးတစ်ဝိုက်ကနေအိမ်တွေ၊ ဈေးပိုင်းနဲ့ ကွက်သစ်ရပ်ကွက်ဘက်တွေက နေအိမ်တွေကို လိုက်လံမီးရှို့နေတာကြောင့်…

မြန်မာ

သရက်ချောင်းမြို့နယ်ထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မွှေနှောက်

ဇန်နဝါရီလ ၁၅ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲရှိ ကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မွှေနှောက်ရှာဖွေပြီး ဒေသခံတွေရဲ့ ရွှေငွေတွေအပြင် တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၃ရက်နေ့၊ ညသန်းခေါင်ယံအချိန်လောက်မှာ…

မြန်မာ

လောင်းလုံမြို့နယ်က စစ်ရှောင် ၅ထောင်ကျော် အကူအညီလိုအပ်နေ

ဇန်နဝါရီလ ၁၂ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ ကျေးရွာ ၁၀ရွာကျော်က ဒေသခံ ၅ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

မြန်မာ

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးတာတွေ ဆက်ရှိနေ

ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံသေဆုံးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ၁လကျော်ကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ဒေသခံတွေကို…