ကြာအင်းဆိပ်ကြီးမြို့တွင်းမှာ စစ်အင်အားအများအပြားနဲ့ ခံစစ်ပြင်ဆင်နေ
ဇန်နဝါရီလ ၁၁ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင်းကနေရာတွေမှာ စစ်ကောင်စီတပ်သားတွေက အင်းအားအများအပြားနဲ့ တပ်စွဲနေထိုင်နေကြကာခံစစ်ပြင်ဆင်နေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ကြာအင်းဆိပ်ကြီးမြို့တွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ကြာအင်းဆိပ်ကြီး ဆေးရုံကြီးကနေ ဈေးထိပ်ပိုင်းအထိကိုတပ်စွဲနေထိုင်နေကြပြီး လက်နက်ကြီးတွေလည်း တပ်ဆင်ထားတယ်လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။…