မြန်မာ

စုံနံ့သာရွာမှာဈေးလာဝယ်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

ဇန်နဝါရီလ ၂၄ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ရေးမြို့နယ်၊စုံနံ့သာရွာမှာဈေးလာဝယ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့တာကြောင့် နေရာတင်၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသ ခံတွေဆီကနေသိရပါတယ်။ ဒီနေ့ဇန်နဝါရီလ ၂၄ရက်နေ့မနက် ၆နာရီ၃၀မိနစ်အချိန်လောက်မှာ ခံသင်းတံတားစောင့်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာစုံနံ့သာရွာမှာဈေးလာဝယ်ချိန်ကျေးရွာအဝင်နားကဘောလုံးကွင်းအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကကြောင့်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ တပ်သား နှစ်ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။ “ဖြစ်တာကစုံနံ့သာရွာဘောလုံးကွင်းအနားမှာပါစာသင်ကျောင်းနဲ့လည်းနီးတယ် …

မြန်မာ

တနင်္သာရီမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား

ဇန်နဝါရီလ ၂၄ရက်နေ့၊ ၂၀၂၄ခုနစ် စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးတာနဲ့ အရပ်သား သေဆုံးမှုတွေလည်း ရှိတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၂ရက်နေ့၊…

မြန်မာ

ရေးမြို့နယ်ရှိစစ်ကောင်စီတပ်ရဲ့ ခမရ (၃၄၃)တပ်ရင်းကနေ အကြောင်းမဲ့လက်နက်ကြီးနဲ့ ပစ်ခတ်နေ

ဇန်နဝါရီလ ၂၃ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ ရေးမြို့နယ်၊အောင်ယုတောင်ရွာအနီးရှိစစ်ကောင်စီတပ်ရဲ့ ခမရ (၃၄၃)တပ်ရင်းကနေ အနီးအနားကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည်၂နာရီဝန်းကျင်အချိန်ကနေစပြီးဒီနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ မနက်၉နာရီဝန်းကျင်အချိန်ထိကို စစ်ကောင်စီတပ်ရဲ့ ခမရ(၃၄၃)တပ်ရင်းကနေ လက်ကြီးနဲ့…

မြန်မာ

ကော့ကရိတ်မြို့မှာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်

ဇန်နဝါရီလ ၂၃ရက်၊၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည် ၁၂…

မြန်မာ

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့ရှိ ဒေသခံ နေအိမ် ၅၀ ကျော် ထပ်မံမီးလောင်ပျက်စီး

ဇန်နဝါရီလ ၂၂ရက်၊ ၂၀၂၄ ခုနှစ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ဒေသခံ ပြည်သူနေအိမ် ၅၀ ကျော် ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားနေတာ ၁…

မြန်မာ

မုပ္ပလင်ရွာကစစ်ကောင်စီတပ်သတင်းပေးတစ်ဦးကိုတော်လှန်ရေးအင်အားစုရှင်းလင်း

ဇန်နဝါရီလ ၂၁ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ၊မုပ္ပလင်ကျေးရွာမှာရှိတဲ့ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သလို စစ်တပ်သတင်းပေးနေသူတစ်ဦးလည်းဖြစ်တဲ့အမျိုးသားတစ်ဦးကိုနယ်မြေခံတော်လှန်ရေးအင်အားစုမှပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်၃နာရီဝန်းကျင်အချိန်မှာ မုပ္ပလင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ဒေါက်တိုင်၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုစုံစမ်းပြီးသတင်းသတင်းပေးတာ၊စစ်တပ်အားကိုးနဲ့ ဒေသခံပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေသူတစ်ဦး ဖြစ်တဲ့ အသက်၆၈နှစ်အရွယ်ဦးတင်အေးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF ) မှမုပ္ပလင်ကျေးရွာအနီးမှာပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် နေရာမှာပွဲချင်းပြီးသေဆုံးခဲ့တယ်လို့…

မြန်မာ

ဥတ္တူရွာမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ ၂၁ရက်နေ့၊ ၂၀၂၄ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။   ဇန်နဝါရီလ…

မြန်မာ

စစ်တပ်က လေ‌ေကြာင်းကနေ ‌လတ်ခတ်တောင်ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ

ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ လက်ခတ်တောင်တပ်စခန်းကုန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့တိုင်းဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ​ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။ စစ်တပ်လက်အောက်ခံ…

မြန်မာ

မောင်မယ်ရှောင်ရွာမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်အစီး ၅၀ကျော်ကို စစ်ကောင်စီတပ်က ယူဆောင်သွား

ဇန်နဝါရီလ ၁၉ရက်နေ့၊ ၂၀၂၄ခုနှစ်   ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာရှိ ဒေသခံတွေကို ဖမ်းဆီးတာနဲ့ လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။…

မြန်မာ

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီလ ၁၈ရက်နေ့၊ ၂၀၂၄ခုနှစ်   စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ရက်နေ့၊ မနက်…