ဂမုန်းဆည်မှာတပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့  ၃ဦးသေဆုံး

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၂၄ခုနှစ်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာက စစ်ကောင်စီတပ်သားတွေဟာ ဂမုန်းဆည်ပေါ်မှာတဲ့ ရှင်းလင်းဆောင်မှာလာရောက်တပ်စွဲနေထိုင်နေတာကြောင့် နယ်မြေခံတော်လှန်ရေးအင်အားစုရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၁၆ရက်နေ့မနက်၇နာရီဝန်းကျင်အချိန်မှာ ဂမုန်းဆည်မှာရှိတဲ့ရှင်းလင်းဆောင်မှာ အင်အား၅၀လောက်နဲ့ တပ်စွဲနေထိုင်နေတဲ့ ဝိုင်းကျေးရွာရဲစခန်းက စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅မိနစ်ခန့်ဖြစ်ပွားခဲ့သလို ပဒေသာမိုင်းတွေနဲ့ပါ သွားရောက်တိုက်ခိုက်ခဲ့တာကြော င့်စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့သလို အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေအောက်ပြောက်ကျားတပ်ဖွဲ့ကတာဝန်ခံကဆိုပါတယ်။

“၁၅ရက်နေ့လောက်ကတပ်လာဆွဲတာ သတင်းရလို့သွားတိုက်ခိုက်တာ ခမရ၆နဲ့ ကပစကကောင်တွေပါတယ် ပျူစောထီးတွေပါတယ် ပဒေသားမိုင်းနဲ့ဆော်တာ အလောင်းတွေသူတို့သယ်ပြေးတာလည်းမြင်တယယ်သေတာကတိုက်ပွဲဖြစ်တဲ့ညနေမှာလူနာတင်ယာဉ်၂စီးနဲ့အလောင်းလာသယ်တယ်တာကြောင့်တိတိကျကျအတည်ပြုနိုင်တာ”လို့သူကပြောပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်းပဲခူးရိုးမအနီးတပ်စွဲနေထိုင်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိသလို ဒီနေ့ဇန်နဝါရီလ၁၈ရက်နေ့ မနက်ပိုင်းမှာတော့ ပဲခူးရိုးမအနီးအနားမှာရှိတဲ့ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေကလည်းအုတ်ဖိုမြို့ပေါ်မှာ လာရောက်ပြောင်းရွှေ့နေထိုင်တာမျိုးတွေရှိတယ်လို့အုတ်ဖိုမြို့ဒေသခံတစ်ဦးကပြောပါတယ်။

“အုတ်ဖိုပိုင်ပဲခူးရိုးမတစ်လျှောက်ကရွာတွေကို စစ်တပ်ဘက်ကတော့အတင်းနေရပ်ရွှေ့ ပြောင်းခိုင်းတာမျိုးတွေရှိတယ် အဲ့နေ့ကစစ်တပ်က၃ယောက်သေပြီးတော့၁၁ယောက်ပေါ့ အထိအခိုက်များသွားတယ် သူတို့ဘက်ကထိခိုက်အကျအဆုံးတွေများသွားလို့ ခုလိုတောင်ခြေအောက်ကရွာတွေကိုဖယ်ခိုင်းတာမျိုးလုပ်တာအခုမနက်မှာမြို့ပေါ်ကိုစစ်ရှောင်တွေတက်လာတာမျိုးတွေရှိနေတယ် ဖြစ်တဲ့နေရာက်အုတ်ဖိုနဲ့ကတော့သိပ်မဝေးပါဘူး လက်နက်ကြီးတွေပစ်တာလည်ရှိတယ်ရိုးမနားသူတို့တပ်စွဲတဲ့နေရာတွေကနေပစ်တာ”လို့သူကပြောပါတယ်။

ဒါ့အပြင်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှားလည်း စစ်ကောင်စီတပ်ဘက်မှာ ကျည်ဘောက်၂ခု ၊ ကျည်ဆံ၄၀တောင့်၊လေးခွ၁လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ သိမ်းဆည်းရမိခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းမှာရှိတဲ့ စစ်တပ်ဂိတ်တွေ၊ တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်ကောင်စီတပ်ယာဉ်တန်းတွေမှာ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရသလို စစ်တပ်ကလက်နက်ကြီးနဲ့ ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုတွေကြောင့် အရပ်သာပြည်သူထိခိုက်သေဆုံးမှုတွေ နေ့တိုင်းဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-မြေအောက်ပြောက်ကျားတပ်ဖွဲ့

Phar Si Than (People’s radio myanmar)