ကော့ကရိတ်မြို့က မီးမလောင်ပဲကျန်ရှိနေတဲ့ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံထားရ
ဧပြီလ ၃၀ရက် ၂၀၂၄ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်းက မီးမလောင်ပဲကျန်ရှိနေတဲ့ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံရပြီး တန်ဖိုးကြီးပစ္စည်းတွေအပါအဝင်အိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နေအိမ်အတွင်းကျန်ရှိခဲ့တဲ့ တီဗွီ၊ရေခဲသေတ္တာ၊ဆိုလာ၊အိုးခွက်ပန်းကန်တွေအပါအဝင်တခြားလျှပ်စစ်ပစ္စည်းမျိုးစုံကို စစ်ကောင်စီတပ်သားတွေက ကားနဲ့သယ်ယူတာတွေရှိသလို မြို့တွင်းကသူခိုးတွေလည်း ခိုးယူတာတွေ ရှိတယ်လို့ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “တိုက်မှန်သမျှဖောက်ခံထိတာဖွထားတာလည်းရစရာမရှိဘူး တချို့တွေဆိုလည်း မျက်မြင်တွေ့တယ် TEကားနဲ့ပစ္စည်းတွေအပြည့်သယ်သွားတာ …