သရက်ချောင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်
ဧပြီလ ၂၈ရက်နေ့၊ ၂၀၂၄ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၃ရက်နေ့မှာ သရက်ချောင်းမြို့ဘက်ကနေ အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ…