မြန်မာ

သက္ကလမြို့အထွက်မှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေမိုင်းခွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ ၁၆ ရက် ၊ ၂၀၂၄ ခုနှစ်   ပဲခူးတိုင်း ၊ ကဝမြို့နယ်၊ သက္ကလမြို့အထွက်မှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Kawa People Defense Force –…

မြန်မာ

ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ရွာတွင်းက နေအိမ်တွေကို လိုက်လံမီးရှို့နေ

ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကိုလိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဇန်နဝါရီလ၁၄ရက်နေ့မှာတော့ ချောင်းနှစ်ခွကျေးရွာအတွင်းတပ်စွဲနေထိုင်နေတဲ့ စစ်သားတွေဟာ ရဲစခန်းအနီးတစ်ဝိုက်ကနေအိမ်တွေ၊ ဈေးပိုင်းနဲ့ ကွက်သစ်ရပ်ကွက်ဘက်တွေက နေအိမ်တွေကို လိုက်လံမီးရှို့နေတာကြောင့်…

မြန်မာ

သရက်ချောင်းမြို့နယ်ထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မွှေနှောက်

ဇန်နဝါရီလ ၁၅ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲရှိ ကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မွှေနှောက်ရှာဖွေပြီး ဒေသခံတွေရဲ့ ရွှေငွေတွေအပြင် တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၃ရက်နေ့၊ ညသန်းခေါင်ယံအချိန်လောက်မှာ…

မြန်မာ

လောင်းလုံမြို့နယ်က စစ်ရှောင် ၅ထောင်ကျော် အကူအညီလိုအပ်နေ

ဇန်နဝါရီလ ၁၂ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ ကျေးရွာ ၁၀ရွာကျော်က ဒေသခံ ၅ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

မြန်မာ

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးတာတွေ ဆက်ရှိနေ

ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံသေဆုံးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ၁လကျော်ကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ဒေသခံတွေကို…

မြန်မာ

ကြာအင်းဆိပ်ကြီးမြို့တွင်းမှာ စစ်အင်အားအများအပြားနဲ့ ခံစစ်ပြင်ဆင်နေ

ဇန်နဝါရီလ ၁၁ရက်၊ ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင်းကနေရာ​တွေမှာ စစ်ကောင်စီတပ်သားတွေက အင်းအားအများအပြားနဲ့ တပ်စွဲနေထိုင်နေကြကာခံစစ်ပြင်ဆင်နေတယ်လို့​ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ကြာအင်းဆိပ်ကြီးမြို့တွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ကြာအင်းဆိပ်ကြီး ဆေးရုံကြီးကနေ ဈေးထိပ်ပိုင်းအထိကိုတပ်စွဲနေထိုင်နေကြပြီး လက်နက်ကြီးတွေလည်း တပ်ဆင်ထားတယ်လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။…

မြန်မာ

ရငဲရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

ဇန်နဝါရီလ ၁၁ရက်နေ့၊ ၂၀၂၄ခုနှစ်   သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ရငဲရွာဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၀ရက်နေ့၊ မနက် ၉နာရီဝန်းကျင်လောက်က ကမြိုင်ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကနေ လက်နက်ကြီးတွေနဲ့…

မြန်မာ

ကော့ကရိတ်မြို့မှာ တိုက်ပွဲဆက်ဖြစ်နေပြီး နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်

ဇန်နဝါရီလ ၁၀ရက် ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ချောင်းတောင်ရပ်ကွက်က နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁…

မြန်မာ

ချောင်းနှစ်ခွကျေးရွာအတွင်းကို သွားရောက်ကြည့်ရှုတဲ့ ကျေးရွာသားတွေကို စစ်ကောင်စီတပ်တွေ ရိုက်နှက်နှိပ်စက်နေ

ဇန်နဝါရီလ ၁၀ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြိုနယ်၊ချောင်းနှစ်ခွကျေးရွာအသွားရခြေအနေကိုသွားရောက်ကြည့်ရှုတဲ့ကျေးရွာသားတွေကိုစစ်ကောင်စီတပ်ဘက်မှရိုက်နှက်နှိပ်စက်တာတွေကိုလုပ်ဆောင်နေကြတယ်လို ကျေးရွာဒေသခံတွေဆီကနေသိရပါတယ်။ ချောင်းနှစ်ခွကျေးရွာတပ်စွဲနေထိုင်နေတဲ့စစ်သားတွေဟာကျေးရွာအတွင်းကိုအခြေအနေသွား ရောက်ကြည့်ရှုတဲ့ကျေးရွာသားတွေထဲကဖုန်းတွေကိုသိမ်းဆည်းတာတွေအပြင်ရိုက်နှက်နှိပ်စက်တာတွေလည်းလုပ်ဆောင်ခဲ့သလိုကျေးရွာအတွင်းကနေအိမ်အများစုမှာဖောက်ထွင်းခံထားရတယ်လိုကျေးရွာသားတစ်ဦးကပြောပါတယ်။ “ရွာပြန်တော့ဖုန်းကိုသူတိုတွေယူထားတယ်အေးဆေးပြန်ရင်ဖုန်းပြန်ပေးမယ်တဲ့မင်းကဘာလည်းဆိုပြီးမေးပြီးတော့ပါးရိုက်တယ်အိမ်လာကြည့်တယ်လိုပဲဖြေရှင်းရတာပေါ့ပြီးတော့သူတိုအချက်အလက်တွေရှာပြီးဘာမှမတွေ့တော့ဖုန်းကိုရိုက်ခွဲလိုက်တယ်အိမ်တွေကတော့ဖောက်ထွင်းပြီးအားလုံးယူသွားကြတယ်တန်ဖိုးကြီးတဲ့အရာတွေမီးစက်၊TVပြီးတော့ဂီတာတွေကအစရိုက်ချိုးသွားကြတယ်”လိုသူကပြောပါတယ်။ အခုလက်ရှိအချိန်မှာလည်းစစ်ကောင်စီတပ်သားတွေချောင်းနှစ်ခွကျေးရွာအတွင်းပြန်လည်တပ်စွဲနေပြီဆိုပေမဲ့အုပ်ချုပ်ရေးပိုင်းနဲ့ဒေသလုပ်ငန်းဖွံဖြိုးရေးလုပ်ငန်းတွေကိုပြန်လည်တည်ဆောက်လိုမရပဲဒေသခံတွေရဲ့နေအိမ်တွေကပစ္စည်းတွေကိုလည်းကားတွေနဲ့နေ့တိုင်းနီးပါးသယ်ဆောင်တာတွေလုပ်ဆောင်နေကြတယ်အထူးစစ်ဆင်ရေးတပ်ဖွဲ−S.O.Fတောင်ပိုင်းစစ်ဒေသ တပ်ဖွဲမှူး ကိုအောင်စံရှားကဆိုပါတယ်။ “စကစ ကတော့သူတိုကsocial mediaမှာတော့မသိရင်ချောင်းနှစ်ခွနယ်မြေကို အပြီးပြန် သိမ်းလိုရပြီဆိုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်တာပေါ့ဝါဒဖြန့်ပြီးတော့သူတိုကအဲ့ဒီနေရာကိုသိမ်းပြီးတော့ယူလိုရတော့လည်းသူတိုဘာမှတည်ဆောက်လိုမရဘူးအုပ်ချုပ်ရေးပိုင်းလည်းတည်ဆောက်လိုမရသလိုကျန်တဲ့လမ်းပန်းဖွံဖြိုးရေးဒေသခံလူထုတွေရဲ့အကျိုးစီးပွားစသည်ဖြင့်သူတိုဘာမှလုပ်လိုမရဘူးအဲ့ဒီအပေါ်မှာသူတိုကအောင်မြင်မှုတစ်ခုလိုဂုဏ်ယူနေပြီးတော့မြေပြင်မှာကျတော့ပြည်သူတွေရဲ့အိုးအိမ်မှာရှိတဲ့ပစ္စည်းတွေကိုကားကြီးနဲ့တိုက်လိုက်ကားလေးနဲ့တိုက်လိုက်နေ့စဉ်ပဲအဲ့တာတွေလုပ်နေတာကိုသိတယ်အချိန်တိုတွင်းမှာအဲ့လောက်ထိဖြစ်မယ်လိုမထင်ထားဘူးနယ်မြေစိုးမိုးရေးနဲ့ပတ်သက်ရင်းအခုချိန်ထိအပြည့်အဝရှိတယ်”လိုဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁၀ရက်နေ့ကနေချောင်းနှစ်ခွကျေးရွာတစ်ဝိုက်မှာနေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ကာကျေးရွာသားတွေမှာလယ်ယာလုပ်ငန်းအပါအဝင်တခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ဆောင်လိုမရတာကြောင့်တော်လှန်ရေးအင်အားစုတွေပြန်လည်ဆုတ်ခွာခဲ့တာဖြစ်သလိုချောင်းနှစ်ခွကျေးရွာဒီထပ်အခြေအနေပိုဆိုးလာခဲ့ရင်တော့တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်တွေအနေနဲ့အချိန်မရွေးနယ်မြေစိုးမိုးမှုပြန်ယူပြီးပြန်လည်တိုက်သွားလိုရတယ်လိုသူကဆက်ပြေပါတယ်။ ဒီဇင်ဘာလ၃၀ရက်နေ့တုန်းကလည်းကျေးရွာအခြေအနေကိုပြန်လည်ကြည့်ရှုတဲ့ကျေးရွာသား တစ်ဦးကိုစစ်တပ်ကရိုက်နှက်ခဲ့တာကြောင့်ဆေးကုသမှုခံယူခဲ့ရပြီးအခုလက်ရှိအချိန်ထိကိုချောင်းနှစ်ခွကျေးရွာအပါအဝင်အနီးအနားကျေးရွာကဒေသခံတစ်သောင်းကျော်လောက်စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လိုဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။…

မြန်မာ

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရတာကြောင့် မျက်စိကွယ်လုနီးပါးဖြစ်

ဇန်နဝါရီလ ၁၀ရက်နေ့၊ ၂၀၂၄ခုနှစ်   ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် မပေးတာကြောင့် မျက်စိကွယ်လုနီးပါးဖြစ်နေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မျက်စိဝေဒနာခံစားနေရတဲ့သူက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်…