
ဇန်နဝါရီလ ၁၀ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြိုနယ်၊ချောင်းနှစ်ခွကျေးရွာအသွားရခြေအနေကိုသွားရောက်ကြည့်ရှုတဲ့ကျေးရွာသားတွေကိုစစ်ကောင်စီတပ်ဘက်မှရိုက်နှက်နှိပ်စက်တာတွေကိုလုပ်ဆောင်နေကြတယ်လို ကျေးရွာဒေသခံတွေဆီကနေသိရပါတယ်။
ချောင်းနှစ်ခွကျေးရွာတပ်စွဲနေထိုင်နေတဲ့စစ်သားတွေဟာကျေးရွာအတွင်းကိုအခြေအနေသွား ရောက်ကြည့်ရှုတဲ့ကျေးရွာသားတွေထဲကဖုန်းတွေကိုသိမ်းဆည်းတာတွေအပြင်ရိုက်နှက်နှိပ်စက်တာတွေလည်းလုပ်ဆောင်ခဲ့သလိုကျေးရွာအတွင်းကနေအိမ်အများစုမှာဖောက်ထွင်းခံထားရတယ်လိုကျေးရွာသားတစ်ဦးကပြောပါတယ်။
“ရွာပြန်တော့ဖုန်းကိုသူတိုတွေယူထားတယ်အေးဆေးပြန်ရင်ဖုန်းပြန်ပေးမယ်တဲ့မင်းကဘာလည်းဆိုပြီးမေးပြီးတော့ပါးရိုက်တယ်အိမ်လာကြည့်တယ်လိုပဲဖြေရှင်းရတာပေါ့ပြီးတော့သူတိုအချက်အလက်တွေရှာပြီးဘာမှမတွေ့တော့ဖုန်းကိုရိုက်ခွဲလိုက်တယ်အိမ်တွေကတော့ဖောက်ထွင်းပြီးအားလုံးယူသွားကြတယ်တန်ဖိုးကြီးတဲ့အရာတွေမီးစက်၊TVပြီးတော့ဂီတာတွေကအစရိုက်ချိုးသွားကြတယ်”လိုသူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်းစစ်ကောင်စီတပ်သားတွေချောင်းနှစ်ခွကျေးရွာအတွင်းပြန်လည်တပ်စွဲနေပြီဆိုပေမဲ့အုပ်ချုပ်ရေးပိုင်းနဲ့ဒေသလုပ်ငန်းဖွံဖြိုးရေးလုပ်ငန်းတွေကိုပြန်လည်တည်ဆောက်လိုမရပဲဒေသခံတွေရဲ့နေအိမ်တွေကပစ္စည်းတွေကိုလည်းကားတွေနဲ့နေ့တိုင်းနီးပါးသယ်ဆောင်တာတွေလုပ်ဆောင်နေကြတယ်အထူးစစ်ဆင်ရေးတပ်ဖွဲ−S.O.Fတောင်ပိုင်းစစ်ဒေသ တပ်ဖွဲမှူး ကိုအောင်စံရှားကဆိုပါတယ်။
“စကစ ကတော့သူတိုကsocial mediaမှာတော့မသိရင်ချောင်းနှစ်ခွနယ်မြေကို အပြီးပြန် သိမ်းလိုရပြီဆိုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်တာပေါ့ဝါဒဖြန့်ပြီးတော့သူတိုကအဲ့ဒီနေရာကိုသိမ်းပြီးတော့ယူလိုရတော့လည်းသူတိုဘာမှတည်ဆောက်လိုမရဘူးအုပ်ချုပ်ရေးပိုင်းလည်းတည်ဆောက်လိုမရသလိုကျန်တဲ့လမ်းပန်းဖွံဖြိုးရေးဒေသခံလူထုတွေရဲ့အကျိုးစီးပွားစသည်ဖြင့်သူတိုဘာမှလုပ်လိုမရဘူးအဲ့ဒီအပေါ်မှာသူတိုကအောင်မြင်မှုတစ်ခုလိုဂုဏ်ယူနေပြီးတော့မြေပြင်မှာကျတော့ပြည်သူတွေရဲ့အိုးအိမ်မှာရှိတဲ့ပစ္စည်းတွေကိုကားကြီးနဲ့တိုက်လိုက်ကားလေးနဲ့တိုက်လိုက်နေ့စဉ်ပဲအဲ့တာတွေလုပ်နေတာကိုသိတယ်အချိန်တိုတွင်းမှာအဲ့လောက်ထိဖြစ်မယ်လိုမထင်ထားဘူးနယ်မြေစိုးမိုးရေးနဲ့ပတ်သက်ရင်းအခုချိန်ထိအပြည့်အဝရှိတယ်”လိုဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ၁၀ရက်နေ့ကနေချောင်းနှစ်ခွကျေးရွာတစ်ဝိုက်မှာနေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ကာကျေးရွာသားတွေမှာလယ်ယာလုပ်ငန်းအပါအဝင်တခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ဆောင်လိုမရတာကြောင့်တော်လှန်ရေးအင်အားစုတွေပြန်လည်ဆုတ်ခွာခဲ့တာဖြစ်သလိုချောင်းနှစ်ခွကျေးရွာဒီထပ်အခြေအနေပိုဆိုးလာခဲ့ရင်တော့တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်တွေအနေနဲ့အချိန်မရွေးနယ်မြေစိုးမိုးမှုပြန်ယူပြီးပြန်လည်တိုက်သွားလိုရတယ်လိုသူကဆက်ပြေပါတယ်။
ဒီဇင်ဘာလ၃၀ရက်နေ့တုန်းကလည်းကျေးရွာအခြေအနေကိုပြန်လည်ကြည့်ရှုတဲ့ကျေးရွာသား တစ်ဦးကိုစစ်တပ်ကရိုက်နှက်ခဲ့တာကြောင့်ဆေးကုသမှုခံယူခဲ့ရပြီးအခုလက်ရှိအချိန်ထိကိုချောင်းနှစ်ခွကျေးရွာအပါအဝင်အနီးအနားကျေးရွာကဒေသခံတစ်သောင်းကျော်လောက်စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လိုဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)