အောင်ဇေယျစစ်ဆင်ရေးမှာ စစ်ေကာင်စီတပ်သားေတွအထိအခိုက်များတဲ့အတွက် လူအင်အားဖြည့်တင်းဖို့ကြိုးစားနေ
မေလ ၁၄ရက် ၂၀၂၄ ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်အတွင်းရှိ၊ဒေါနတောင်ကြောကို ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ဆင်ရေးမှာပါဝင်လာတဲ့ စစ်ကောင်စီတပ်သားေတွ အထိအခိုက် များပြားလာတဲ့အတွက် လူ အင်အားဖြည့်တင်းဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ ဧပြီလ၊ လလယ်လောက်ကတည်းကထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေသလို စစ်တပ်ဘက်ကလဲ ထိခိုက်သေဆုံးတာတွေလည်းများပြားလာတဲ့အတွက်…









