ထားဝယ်မြို့ ကညန ရုံးအနီးမှာ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်တာကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးကျည်ထိမှန် ဒဏ်ရာရ
နိုဝင်ဘာလ ၂၅ရက်နေ့၊ ၂၀၂၃ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကညနရုံးအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးကို ကားနဲ့ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ အနောက်ကနေ လိုက်လံ ပစ်ခတ်တာကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ခြေထောက်မှာ ကျည်ထိမှန်ရရှိခဲ့တယ်လို့ ထားဝယ်မြို့ခံတွေဆီကနေ သိရပါတယ်။…