တောင်ကလေးရဲစခန်းဒရုန်းနဲ့ဗုံးကြဲခံနေရတဲ့အပြင် အနီးအနာကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်နေ
ဒီဇင်ဘာလ ၂ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးရဲစခန်းမှာ မကြာခဏဒရုန်းနဲ့ဗုံးကြဲခံနေ ရတဲ့အပြင်အနီးအနားကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ၂ရက်နေ့ မနက်၇နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့တောင်ကလေး ရဲစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလိုစစ်ကောင်စီတပ်စွဲထားတဲ့တောင်ကလေးရဲစခန်းမှာ လည်းမကြာခဏဒရုန်းနဲ့ဗုံးကြဲခံနေရတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေမှာလည်းတောင်ကလေးရွာအရှေ့ပိုင်းမှာတပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေမှာထိတ်လန့်နေကြရတယ်လို့ တောင်ကလေးကျေးရွာ နေအမျိုးသမီးတစ်ဦးကပြောပါတယ်။…