
ဒီဇင်ဘာလ ၁ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် ပြည်သူတွေလည်းထိခိုက်ဒဏ်ရာ ရရှိတာတွေလည်းရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့ မနက်၅နာရီဝန်းကျင်အချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် ကုန်ကားမောင်းသူတွေနဲ့ ကုန်ကားတွေမှာလည်း ထိခိုက်ဒဏ်ရာရတာပျက်စီးတာ တွေလည်းရှိတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“လောလောဆယ်အခြေနေဆိုးနေတယ် တိုက်ပွဲတွေလည်းအရမ်းပြင်းထန်နေတယ်ကားတွေ လည်းထိတယ် ကားဆရာတွေလည်းထိတယ် မြို့ထဲမှာလည်း တိုက်ပွဲပြင်းတယ် မြို့ဝင်၊ကြာပန်းအဝိုင်းနား လှိုင်ဝတံတား ဘုရားကုန်း လက်နက်ကြီးတွေတောက် လျှောက်ပစ်နေတယ်”လို့ သူကပြောပါတယ်။
မနက်၁၁နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်ကလေယာဉ်နဲ့ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်နဲ့ အာရှလမ်းဘေးကပ်ရပ်ကို စစ်ကောင်စီတပ်ကလာရောက်ပစ်ခတ်နေပြီး အမှတ်(၇)ရပ်ကွက်နဲ့ အမှတ်(၂)ရပ်ကွက်ကကလည်း နေအိမ်တစ်ချို့မီးလောင်တာတွေရှိတယ်လို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“လေယာဉ်နဲ့လာပစ်နေတယ်ကော့ကရိတ်မြို့ ပတ်ဝန်းကျင်နဲ့ အာရှလမ်းဘေးကပ်ရပ်တွေ ပစ်နေတာ(၂)စီးနဲ့တူတယ်အခုကဝပ်နေရတာအခုထိဝဲနေတုန်းပဲ အိမ်တွေလည်းမီးလောင်တာ ရှိတယ် အခုတော့ငြိမ်သွားပြီ”လို့သူကပြောပါတယ်။
အခုလိုနှစ်ဖက်ထိတွေ့တိုက်တွေ့တိုက်ပွဲအတွင်းမှာလည်း KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်တစ်ဦးကဆိုပါတယ်။
ဒါ့အပြင် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးမှာလည်းသွားလာလို့မရတာကြောင့် ခရီးသွားပြည်သူတွေမှာ ထို့ကော်ကိုးလမ်းပိုင်းကိုအသုံးပြုပြီးသွားလာနေကြတယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၃၀ရက်နေ့ည၁၂နာရီဝန်းကျင်အချိန်တုန်းကလည်းစစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အံ့ဖကြီးကျေးရွာအတွင်းနေအိမ်တစ်လုံးပေါ်လက် နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးမှာနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)