ကော့ကရိတ်မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေ
ဖေဖော်ဝါရီလ ၁ရက် ၂၀၂၄ ခုနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရပ်ကွက်တွေဖြစ်တဲ့ ချောင်းတောင်၊ဝင်းကြီးနဲ့ တံတားဦးရပ်ကွက်တွေဘက်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေသလို…