သံဖြူဇရပ်မြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

ဇန်နဝါရီလ ၃၁ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့မှာ စစ်ကောင်စီတပ် ၊ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ဖြစ်ပွားခဲ့တယ်လို့ သံဖြူဇရပ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၃၁ရက်နေ့ မနက် ၆နာရီဝန်းကျင်အချိန်ကနေ ၁၀နာရီကျင်အချိန်ထိကို သံဖြူဇရပ်မြို့နယ်က ကျေးရွာတွေဖြစ်တဲ့ ထင်းရှူးကျေးရွာနဲ့ အနင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သံဖြူဇရပ်မြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“တိုက်ပွဲဖြစ်တာမြို့တာမြို့ပေါ်မှာတော့မဟုတ်ဘူး ရွာဘက်အနင်းနဲ့ထင်းရှူးကြားက ရဲစခန်းကိုသိမ်းတယ်လို့ကြားတယ် မနက်၆ခွဲကတည်းကအသံကြားတာ ၁၀နာရီလောက်ထိပဲ အခုတော့တိတ်သွားပြီ”လို့သူကပြောပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာလည်း ဝဲကလိအမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့သလို Mi35ရဟတ်ယာဉ်တွေနဲ့လည်းလာ ရောက်ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာ ပျက်စီးတာတွေနဲ့ပတ်သက်ပြီးမသိရသေးဘူးလို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“တိုက်ပွဲကဖြစ်နေတယ် လေယာဉ်တွေလည်းတက်သွားတယ်အဲ့ဘက်ကို သေချာတော့မသိဘူး မနက်ကတည်းကတော့အမြှောက်တပ်ကနေထုနေတာ ဝဲကလိကဟိုမှာကတော့ ကြီးကြီးကျယ်ကျယ် ဖြစ်နေတာ မီးတွေပါလောင်နေတယ်ကြားတယ်”လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ၊ဒီဇင်ဘာလနဲ့အခုဒီဇင်ဘာလနဲ့ အခုဇန်နဝါရီလအထိကို မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ကျိုက်မရောမြို့၊ ရေးမြို့နဲ့ ကျိုက်ထိုမြို့နယ်ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွာခဲ့ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than(People’s Radio Myanmar)