စုံနံ့သာရွာမှာဈေးလာဝယ်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး
ဇန်နဝါရီလ ၂၄ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ရေးမြို့နယ်၊စုံနံ့သာရွာမှာဈေးလာဝယ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့တာကြောင့် နေရာတင်၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသ ခံတွေဆီကနေသိရပါတယ်။ ဒီနေ့ဇန်နဝါရီလ ၂၄ရက်နေ့မနက် ၆နာရီ၃၀မိနစ်အချိန်လောက်မှာ ခံသင်းတံတားစောင့်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာစုံနံ့သာရွာမှာဈေးလာဝယ်ချိန်ကျေးရွာအဝင်နားကဘောလုံးကွင်းအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကကြောင့်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ တပ်သား နှစ်ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။ “ဖြစ်တာကစုံနံ့သာရွာဘောလုံးကွင်းအနားမှာပါစာသင်ကျောင်းနဲ့လည်းနီးတယ် …