အနန်းကွင်းကျေးရွာကိုစစ်ကောင်စီကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦးသေဆုံး
မတ်လ ၁၆ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ်လ ၁၅ရက်နေ့၊ နေ့လည် ၁၂နာရီဝန်းကျင်အချိန်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာ၂စီးနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနန်းကွင်းကျေးရွာအတွင်းက အသက်၂၀…