
မတ်လ ၁၃ရက်၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ဖလူးစခန်းကို KNLAပူးပေါင်းတပ်းဖွဲ့တွေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူပေးတာကို မကြာခဏပြုလုပ်လာတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။
မတ်လ ၁၁ရက်နေ့ ညနေ၄နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်ရဲ့ဖလူးစခန်းကို KNLA/PDFပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ အဓိကအသုံးလာတာဖြစ်ပြီး၊လက်နက်ကြီးတွေလည်းနေ့ရောညပါပစ်ခတ်နေသလို စစ်တပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာမျိုးတော့မရှိဘူးလို့မြေပြင်သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“ဖလူးစခန်းကိုကျတော့၄နာရီဝန်းကျင်လောက်မှာစပြီးတော့တိုက်တယ်၄နာရီကျော်လောက်မှာပဲသိမ်းနိုင်ခဲ့တာ အချိန်က၁၅မိနစ်လောက်ပဲကြာတယ်စစ်တပ်ဘက်က အထိနာတဲ့အခါမျိုးမှာလက်နက်ကြီးတွေနဲ့ ပြန်ပစ်တာမျိုး၊လေကြောင်းနဲ့ပြန်ပြီးတော့တိုက်ခိုက်တာမျိုးတွေလုပ်တယ် ဒါကတော့ထုံးစံအတိုင်းလုပ်နေကြပဲ အများဆုံးကတော့လေကြောင်းနဲ့တိုက်ခိုက်တာမျိုးတွေရှိတယ်ကျွန်တော်တို့ဘက်ကိုတော့ စစ်ကြောင်းပြန်ထိုးတာမျိုးတွေတော့မရှိဘူး”လို့သူကပြောပါတယ်။
ဒါ့အပြင်ဒီနေ့မတ်လ၁၃ရက်နေ့မနက် အစောပိုင်းအချိန်ကနေစပြီး စွယ်တော်အမြှောက်ကုန်းကနေ ရသေ့ဂူရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေသလို နှစ်ဖက်ပစ်ခတ်သံတွေကိုလည်းကြားနေရကာခမရ၃၅၇ အမြှောက်တပ်နဲ့ သင်္ဃန်းညီနောင်ဗျူဟာကုန်းကနေလည်း အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ဒေသခံများကဆိုသည်။
“မနက်ထဲက စကစကလက်ကြီးနဲ့ပစ်နေတယ် စွယ်တော်အမြှောက်ကုန်းက ရွာထဲကိုလက်နက်ကြီးနဲ့ပစ်နေတာ လေယာဉ်လာတာတော့မတွေ့သေးဘူးဒီနေ့ ပစ်ခတ်သံတွေကမနေ့က ၈နာရီ၉နာရီလောက်ထိကြားတယ် မနက်ကလည်းတကြောကြားတယ် အခုတော့ငြိမ်နေတယ််”လို့သူကပြောပါတယ်။
ဒါ့အပြင်ပလော့တပို့စစ်ရှောင်စခန်းမှားလည်းပလော့တပို့၊တောင်ယာကြီး၊ကြို့ပင်၊ကွီးညမု၊ကဆောဝါးလေးက ဒေသခံ၂၀၀၀ဝန်းကျင် လာရောက်စစ်ဘေးတိမ်းရှောင်သလို အခုလက်ရှိအချိန်မှာလည်း ဖလူးလေး၊ဖလူးကြီး၊မင်းလက်ပံနဲ့ ထီးမယ်ဝါးခီးမှဒေသခံတွေဆက်လက်စစ်ဘေးတိမ်းရှောင်လာတာမျိုးရှိပေမဲ့ အရေအတွက်ကိုတော့အတိအကျမသိရှိရသေးဘူးလို့ စစ်ရှောင်ကူညီနေသူတွေကပြောသည်။
မြဝတီမြို့နယ်မှာ မတ်လ ၇ရက်နေ့ကနေ ဒီနေ့ မတ်လ ၁၃ရက်နေ့ထိနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဒေသခံပြည်သူ ၅ဦးခန့်သေဆုံးခဲ့ကာ ၁၀ဦးထပ်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cobra Column-2 Venmonတပ်ခွဲ(၁)
Phar Si Than(People’s Radio Myanmar)