ဆင်ဘိုမြို့ ခလ  (၁၄၁) စခန်းကုန်းကြီးကို  ကာကွယ်ရေးတပ်ဖွဲ့က နှစ်လကျော်တဲ့အထိစခန်းသိမ်းနိုင်ခြင်း မရှိသေး

ဧပြီ ၂၈ ရက် ၊ ၂၀၂၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးက ခလရ (၁၄၁) စခန်းသိမ်းတိုက်ပွဲဟာ  ၂ လကျော်လာပေမဲ့လဲ  KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့  စစ်ရေးနယ်မြေသတင်းရင်းမြစ်အရ သိရပါတယ်။KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ  ဆင်ဘိုမြို့ရဲစခန်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့‌ေပမဲ့လဲ ဆင်ဘိုမြို့နဲ့ ၃ မိုင် ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ခလရ (၁၄၁) စစ်ကောင်စီတပ် စခန်းကုန်းကြီးကို တော့ ဒီနေ့အထိသိမ်းပိုင်နိုင်ခြင်းမရှိသေးဘူးလို့လဲဆိုပါတယ်။

အဆိုပါစခန်းသိမ်း တိုက်ပွဲအတွင်း  KIA၊ KPDF နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လေကြောင်းပစ်ခတ်မှု နဲ့ နင်းမိုင်း‌ေတွ‌ေကြာင့် ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနဲ ရှိလာပြီး ဖြစ်တယ်လို့လဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” သူတို့ဘက်က ၅ ယောက်ကျတာနဲ့ ကျတော်တို့ ၁ယောက်တောင် မတန်လို့ မဆုံးရှုံးချင်ဘူး ။လေယာဥ်နဲ့နင်းမိုင်းကြောင့်ကျရှုံးများနေရတာ” လို့သူကပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်နေပေမဲ့လဲ ဆင်ဘို မြို့တွင်းမှာတော့ ပုံမှန်သွားလာနေကြတယ်လို့လဲ ဆိုပါတယ်။

ဆင်ဘိုမြို့ဟာ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ဆယ်မိုင်ကျော်၊ မြစ်ကမ်းဘေးမှာတည်ရှိတဲ့ မြစ်ကြီးနား – ဗန်းမော် ရေလမ်းကြောင်းနဲ့သာသွားရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

News : Tiffany Suu
Photo : Old Photo