စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ပစ်လို ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရ

ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်

မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်ဘက်ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို ပြည်သူတစ်ချို ထိမှန်ဒဏ်ရာရရှိသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၄ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ အင်အား ၈၀ ဝန်းကျင် နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပတ္တာဆိပ်ကမ်းနားအရောက်မှာ လက်နက်ကြီး နဲ့ အနီးအနားကျေးရွာတွေဘက်ကိုပစ်ခတ်ခဲ့တဲ့အတွက် ခြံယာကျေးရွာထဲကျရောက်ပေါက်ကွဲသွားပြီး ဒေသခံ ၆ ဦးထိမှန်ဒဏ်ရာရရှိသွားတယ်လိုရေလယ်ကျွန်းသတင်းမြေပြင်အရင်းအမြစ်က People’s Radio Myanmar ကိုပြောပါတယ်။

“ တိုက်ပွဲမဖြစ်ပါဘူး တစ်ဖက်ကမ်းကနေ ဒီဘက်ကမ်းကူးဖို လမ်းကြောင်းရှင်း ပစ်ခတ်တာထင်ပါတယ် လက်နက်ကြီးပစ်ခတ်တဲ့နေရာနဲ့ ထိမှန်တဲ့နေရာက ၂ မိုင်ဝန်းကျင်ခန့်ရှိတယ် အိမ်ထဲမှာနေရင်း ထိခိုက်တာပါ” လို သူကပြောပါတယ်။

လက်နက်ကြီးစထိမှန်ပြီးဒဏ်ရာရသူတွေကို ဒေသခံ ကူညီကယ်ဆယ်ရေးတွေက နီးစပ်ရာဆေးရုံဆေးခန်းတွေကို ပိုဆောင်ပေးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို သိရပါတယ်။

“ အိမ်သုံးအိမ်ကြားကျသွားတာထင်တယ် ၃ မိသားစု ထိသွားတဲ့သဘောပဲ ဆေးခန်းကဝေးတော့ နီးစပ်ရာဆေးခန်းကိုပဲ ပိုပေးခဲ့ရတယ်” လို ဒီဖြစ်ရပ်ကိုသိရှိသူ မြေပြင်အရင်းအမြစ်က ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မြင်းခြံမြိုနယ် ရသာရွာကနေအိမ်(၂၅၀ )ကျော်ကို မီးရှိဖျက်ဆီးသွားသလို ဒေသခံ အမျိုးသားတစ်ဦးနဲ့ ဖရင်းရွာက သားအဖနှစ်ဦးကိုလည်း သတ်ဖြတ်သွားပါသေးတယ်။ သတင်း- Naw Drizzle ပုံ- လူမှုကွန်ရက်