ကြာအင်းဆိပ်ကြီးမြို့ထဲ ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းရမ်းသမ်း ပစ်ခတ်တာတွေပြုလုပ်နေ
နိုဝင်ဘာလ ၈ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့ထဲကနေရာတွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းရမ်းသမ်းပစ်ခတ်တာတွေကိုပြုလုပ်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ၂ရက်နေ့ကကြာအင်းဆိပ်ကြီးမြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြို့တွင်းကရပ်ကွက်တွေမှာကင်ပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးဖြစ်တဲ့စုပေါင်းရုံး မှာနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။ “မနေ့ကည၉နာရီကျော် စုပေါင်းရုံးမှာလည်းပစ်တယ် ရပ်ကွက်တွေမှာကင်ပုန်းဝပ်နေတဲ့…







