ကြာအင်းဆိပ်ကြီးမြို့ထဲ ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းရမ်းသမ်း ပစ်ခတ်တာတွေပြုလုပ်နေ

နိုဝင်ဘာလ ၈ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့ထဲကနေရာတွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းရမ်းသမ်းပစ်ခတ်တာတွေကိုပြုလုပ်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေဆီကနေသိရပါတယ်။

နိုဝင်ဘာလ၂ရက်နေ့ကကြာအင်းဆိပ်ကြီးမြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြို့တွင်းကရပ်ကွက်တွေမှာကင်ပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးဖြစ်တဲ့စုပေါင်းရုံး မှာနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

“မနေ့ကည၉နာရီကျော် စုပေါင်းရုံးမှာလည်းပစ်တယ် ရပ်ကွက်တွေမှာကင်ပုန်းဝပ်နေတဲ့ လမ်းဆုံးလမ်းခွတွေဘက်ကိုပစ်တာအတွဲလိုက်၂ခါ ကျန်၂ချက်၃ချက်နဲ့ အချက်၂၀လောက်ရှိတယ် ဒီမနက်လည်းဆိုင်ကယ်တစ်စီးလီဘာသံညံလို့ ခြောက်ပစ်သေးတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင်ကြာအင်းဆိပ်ကြီးဆေးရုံဝင်းကလေးထပ်ဆောင်အနီးအနားမှာရှိတဲ့ သစ်ပင်ကြီးတွေကို ခုတ်လိုက်ကာ လေးထပ်ဆောက်အပေါ်ထပ်မှာလက်နက်ကြီး တွေလက်နက်ငယ်တွေကို မြို့ထဲဘက်ကို ချိန်ပြီးထားထားတယ်လို့ မျက်မြင်တွေ့ရှိ သူအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ကြာအင်းဆိပ်ကြီးဆေးရုံက ၄ထပ်ဆောင်မှာရှိတဲ့အပင်ကြီးတွေကို အကုန်လုံးခုတ်လိုက်ပြီ ခုတ်ပြီးတော့စစ်တပ်က အပေါ်ထပ်အမြှောက်နဲ့သေနတ်နဲ့ ထောင်ပြီးတော့ မြို့ထဲဘက် ကိုအဆင်သင့်အနေအထားမှာရှိတယ်အဲ့ဒီဘက်ကနေပတ်ပြီးသွားရင်းတွေ့ခဲ့တာပြီးတော့ညကလည်းပစ်တယ်ဒီနက်လည်းရုတ်ရုတ်ဖြစ်သွားတယ်စျေးကလူတွေတော့ကွဲကုန်တာတော့အကုန်လုံးပြန်ကုန်ပြီ”လို့သူကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့တွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းနှစ်ဖက်စစ်ရေးအခြေနေငြိမ်သက်ပေမဲ့လည်း စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကနေတော့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေပြီးစစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေမှာလုပ်ငန်းလုပ်ဆောင်တဲ့အချိန်မှာလည်ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်နေရတဲ့အနေအထားမှာရှိနေတယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

ကြာအင်းဆိပ်ကြီမြို့တွင်မှာစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေနှစ်ဖက်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုစိုးရမ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးနေထိုင်မကောင်းသူတွေမှာလည်း မော်လမြိုင်မြို့၊ ဘုရာသုံးဆူမြို့နဲ့ဆွေမျိုးတွေရှိရာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)