
နိုဝင်ဘာလ ၇ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲငယ်ဖြစ်ပွားတာတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ (၂၈) ရက်နေ့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေကာ နှစ်ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားတာတွေလည်းရှိ နေသလို KNLAပူပေါင်းတပ်ဖွဲ့တွေမှာလည်း အသင့်နေရာယူထားကြပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်တစ်ဦးပြောပါတယ်။
“ကော့ကရိတ်ဂွင်မှာလည်း အကုန်လုံးကပူးနေမြဲကြားနေမြဲရှိပါတယ်အနီးဆုံးနေရာတွေနဲ့ အကုန်လုံးကတပ်ဖြန့်ပြီးတော့တေရာယူထားကြပါတယ်ပွဲတွေကိုလည်းကြားထဲမှာမပြတ်လေး တော့လုပ်ဆောင်နေပါတယ်ပွဲကြီးတော့မဟုတ်ဘူး ပေါ့စကစကတော့တိုက်ပွဲထိတွေ့မှုမရှိလည်း လက်နက်ကြီးတွေနဲ့ ညနေစောင်းတွေ မိုးချုပ်တွေ တစ်ခါတစ်လေမနက်လက်နက်ကြီးတွေနဲ့ ပုံမှန်လှမ်းပစ်နေကြပဲသူတို့စိတ်ထင်တဲ့နေရာတွေပုံမှန်လိုလိုရှိပါတယ်”လို့ သူကပြောပါတယ်။
နိုဝင်ဘာလ (၆)ရက်နေ့ ညပိုင်း (၇)နာရီ (၃၀)မိန်နစ်ဝန်းကျင်အချိန်မှာတော့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ဘက်ကလေယာဉ်ပြန်ဝဲတာတွေလုပ်ဆောင်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ ခမရ (၉၇)တပ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ ဒီမနက်ကတော့အေးဆေးပဲ ညကတော့ပစ်တယ်လေယာဥ်လည်းလာတယ် ခုမနက်တော့အေးဆေးဖြစ်နေတယ်ဘာသံမှမကြားရဘူး လောယာဥ်ကတော့ မပစ်ဘူးလိုက်ကြည့်တာပဲ ညကတော့လက်နက်ကြီးနဲ့ပစ်တဲ့အသံပဲကြားရတာ” လို့ သူကပြောပါတယ်။
ဒါ့အပြင်ကျုံဒိုးမြို့ကဒေသခံတစ်ချို့ကလည်း မြို့တွင်းတိုက်ပွဲတွေဖြစ်မှာကိစိုးရိမ်တာကြောင့် ညပိုင်းအချိန်တွေမှာ ချောင်းဖျား၊ ကျုံပိုင်းနဲ့ အနီးအနားကျေးရွာတွေမှာ သွားရောက်ရှောင်တိမ်းတာ တွေလည်းရှိတယ်လို့ ကျုံဒိုးမြို့ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃)ရက်နေ့နဲ့ (၄)ရက်နေ့တွေတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇)တပ်ရင်းက လက်နက်ကြီးကုန်းတည်ရှိရာအနီးတစ်ဝိုက်ကို နယ်မြေခံတော်လှန်ရေးအင်အားစုမှမောင်းသူမဲ့လေယဥ်တွေ နဲ့သွားရောက်ပစ်ခတ်တိုက်ခဲ့ပါသေးတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကြောင်းယာဉ်တန်းတွေမှာ ကြားဖြတ်တိုက်ခိုက်တာတွေဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှနေပေမဲ့ဘားအံမြို့မှာေတာ့(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို စစ်ကောင်စီတပ်ဘက်မှ လုံခြုံရေးတင်းကြပ်ပြီးကျင်းပနေတယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)