မြိတ်မှာ တချိန်တည်းဗုံးပေါက်ကွဲမှု ၃နေရာဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး
ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ ၂၀၂၄ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ ည၇နာရီခွဲလောက်မှာ မြိတ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ အရက်ဘားအနီးက အမှိုက်ပုံမှာ ဗုံးပေါက်ကွဲမှု…







