
ဖေဖော်ဝါရီလ ၂၁ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်အမှတ်၁၉စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို နယ်မြေခံတော် လှန်ရေးအင်အားစုမှာFixedWingsDroneနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးပြောက် ကျားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လယ်၂နာရီဝန်ကျင်အချိန်မှာစစ်ကောင်စီတပ်ရဲ့ စကခ ၁၉ ဌာနချုပ်တပ်ကို Fixed Wing Drone အမျိုးအစားနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို ဒရုန်းကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်လို့ ရေပြောက်ကျားတပ်−YGF ဒေါနစစ်ကြောင်းတပ်ခွဲ ၃ ခေါင်းဆောင် ဗိုလ်ကျန်ရစ်ကပြောပါတယ်။
“သွားကြဲတာက စကခ ၁၉ပေါ့ လူကြီးတွေ၊အရာရှိတွေရောကနေတယ်လို့ကြားတယ် ၆ယောက် အဲ့ဒီရောက်တဲ့နေရာကိုသွားကြဲတယ် သွားပစ်တာကတော့ fixed wing အမျိုးအစား ၊ဗုံးသီးကတော့တစ်လုံးပဲပစ်ပြီးတာနဲ့ကျပြီးတာနဲ့လူနာတင်ယာဉ်တစ်စီးလာတယ် လူနာတင် ယာဉ်လာသယ်ထုတ်သွား” သူကပြောပါတယ်။
စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ပြီးမှာတော့ စစ်ကောင်စီတပ်ရဲ့ စကခ ၁၉ နဲ့ ခလရ ၆၁ကနေ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် လေယာဉ်မှာပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်လက်အောက်ခံ စကခ ၁၉ နဲ့ခမရ ၅၈၇ က လက်နက်ကြီးတွေနဲ့တစ်နေကုန်ပစ်ခတ်နေတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာပျက်စီးတာမျိုးတော့မကြားသိရဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“အဲ့ဒီနေ့က ခံသင်းမှာလည်းဖြစ်သွားတယ်လေ လက်နက်ကြီးတွေကတော့ ပစ်နေတာမနက် ၇နာရီကတည်းကနေ ညနေထိပဲလက်နက်ကြီးထုသွားတာအာယုတောင် ၅၈၇ကနေလည်းလက်နက်ကြီးပစ်တာ အလုံး၃၀လောက်ရှိတယ် အဲ့ဒီနေ့ကဆိုပစ်တဲ့နေရာတွေကကိုယ်တွေနဲ့နီးတော့ အပြင်တောင်မထွက်ရဲဘူး” လို့ဆိုပါတယ်။
အဲ့ဒီနေ့တစ်ရက်ထဲမှာပဲ အာယုတောင်ကျေးရွာနဲ့ စုံနံ့သာကျေးရွာကြားမှာရှိတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ခံသင်းတံတားဂိတ်ကို ရေးဘီလူးအဖွဲ့သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဂိတ်ကြေးကောက်ခံနေတဲ့ပျူစောထီး၄ဦးသေဆုံးခဲ့ပါသေးတယ်။
ရေးမြို့နယ်မှာအခုဖေဖော်ဝါရီလကနေစပြီး စစ်ကောင်စီတပ်ဝင်းတွေနဲ့ အထိုင်ချထားတဲ့ ဂိတ်တွေမှာ နေ့တိုင်းနီးပါး ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်မှလည်း ၁၀ဦးထပ်မနည်းသေဆုံးနေကာ စစ်တပ်ဘက်မှစစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ပြီး နောက်ပိုင်းမှာလည်း ရေးမြို့နယ်မှာ လူအသွားအလာမရှိသလောက် နည်းပါးသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)