
ဇန်နဝါရီလ ၂၁ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ၊မုပ္ပလင်ကျေးရွာမှာရှိတဲ့ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သလို စစ်တပ်သတင်းပေးနေသူတစ်ဦးလည်းဖြစ်တဲ့အမျိုးသားတစ်ဦးကိုနယ်မြေခံတော်လှန်ရေးအင်အားစုမှပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်၃နာရီဝန်းကျင်အချိန်မှာ မုပ္ပလင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ဒေါက်တိုင်၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုစုံစမ်းပြီးသတင်းသတင်းပေးတာ၊စစ်တပ်အားကိုးနဲ့ ဒေသခံပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေသူတစ်ဦး ဖြစ်တဲ့ အသက်၆၈နှစ်အရွယ်ဦးတင်အေးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF ) မှမုပ္ပလင်ကျေးရွာအနီးမှာပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် နေရာမှာပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KRFမှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“သူ့ကိုရှင်းလင်းခဲ့တာကမုပ္ပလင်ရွာအနီးအနားမှာပဲ နေအိမ်မှာမဟုတ်ပါဘူး သူဘက်ကပြန် ခုလံချိန်တော့မရလိုက်ပါဘူး သူကြောင့်ဖမ်းဆီးခံရသူအရေအတွက်အတိအကျတော့မသိပေမဲ့ သူကနောက်ကွယ်ကနေသတင်းပေးနေသူရွာအတွင်းမှာဆိုpdfမကောင်းကြောင်းပြောလေ့ရှရှိတယ် တော်လှန်ရေးအဖွဲ့နဲ့ထောက်ပံ့တာတွေဆက်သွယ်တာတွေမလုပ်ဖို့ ဆက်သွယ်တာသိရင်စစ်တပ်ကိုဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်တာမျိုးလုပ်ပါတယ်”လို့သူကပြောပါတယ်။
ဦးတင်အေးဆိုသူဟာ မုပ္ပလင်ဈေးတန်းရပ်ကွက်ထဲနေထိုင်သူတစ်ဦးဖြစ်သလို စစ်တပ်သတင်းပေးသူ၊စစ်တပ်ထောက်ခံသူတစ်ဦးလည်းဖြစ်ပြီး မုပ္ပလင်ဂျပန်ကျောင်းရှေ့မှာသေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ မုပ္ပလင်ကျေးရွာနေအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“ပစ်ခတ်တာာဖြစ်သွားတာကိုတော့မသိလိုက်ဘူး မုပ္ပလင်ဂျပန်စာသင်ကျောင်းရှေ့မှာပစ် ခံရတာ အဲ့ဒီလူကိုလည်းသိတယ် သူကမုပ္ပလင်ဈေးတန်းရပ်ကွက်ထဲက သူ့ကိုသေနတ်နဲ့ ပစ်သွားတာ သူကစစ်တပ်ဘက်ကလေ သတင်းတွေဘာတွေပေးတယ်”လို့ဆိုပါတယ်။
အခုလိုစစ်ကောင်စီတပ်သတင်းပေးဦးတင်ဦးပစ်ခတ်ခံရပြီးနောက် စစ်တပ်ဘက်မှ ကျေးရွာအနီးအနားမှာ စစ်ဆေးရေးလုပ်ဆောင်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့တုန်းကလည်းမရမ်းချောင်း(ကွာရီအပိုင်)လမ်းကွေ့တစ်ခုမှာ စစ်ကောင်စီတပ်ရဲ့ယာဉ်တန်းကို နယ်မြေခံတော်လှန်ရေးအင်အားစုကမိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် စစ်တပ်ဘက်မှ၅ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ဂိတ်တွေ၊စစ်ကြောင်းတွေနဲ့ သတင်းပေးသူတွေမှာ မကြာခဏပစ်ခတ်ရှင်းခံရတာ၊တိုက်ခိုက်ခံရတာတွေအမြဲလိုလိုဖြစ်ပွာနေကာ ပြီးခဲ့တဲ့နိုဝင်ဘာလကနေ အခုဒီဇင်ဘာလအထိကို မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရေးမြို့နယ်နဲ့ကျိုက်မရောမြို့တွေမှာပါ နှစ်ဖက်ထိတွေတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)