ကျိုက်ထိုမြို့က စစ်ကောင်စီတပ်ဂိတ်၂ခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုထုတ်ပြန်
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ်နဲ့ မုပ္ပလင်လမ်းဆုံ ရဲဂိတ်တို့ကို KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဖေဖော်ဝါရီလ၁၁ရက်နေ့ မနက်၁၀နာရီ၄၀မိနစ်အချိန်နဲ့ ၁၁နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ စစ်တောင်းတံတားသစ်ဂိတ်ကို…