
ဖေဖော်ဝါရီ ၈ ရက် ၊ ၂၀၂၄
ဖားကန့်မြို့နယ် မအူပင်ကျေးရွာထဲ မနေ့ကနမနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ကျေးရွာနေအိမ် ၁၂ အိမ်လုံးကိုမီးရှို့ဖျက်ဆီးပြီး ကထန်ယန်ကျေးရွာဘက်ကိုပြန်ထွက်သွားတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါသည်။
စစ်တပ်နဲ ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တို့က ကထန်ယန်ကျေးရွာဘက်ကနေ ကားသုံးစီးနဲ့ မနက် ၁၀နာရီလောက်မှာ မအူပင်ရေကာတာကျေးရွာဘက် ဝင်ရောက်လာပြီး KIA ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ မှာ လက်နက်ကြီး ကပေါက်ပြီး မီးလောင်တာ အပြင် ဒေသခံ နေအိမ်တွေ ကိုစစ်တပ်က ဒေသခံ နေအိမ် ၁၂လုံး ကို မီးရှိုသွားတာလို့ မအူပင် ကျေးရွာဒေသခံက အခုလိုပြောပါသည်။
အိမ်ခြေ ၂၀ ကျော်ရှိတဲ့ မအူပင်ရေကာတာကျေးရွာ မှာ နေထိုင်တဲ့ ဒေသခံက ” KIAတွေက မအူပင်မှာ ဂိတ်ထိုင်တာကြာပြီလေ။ စစ်တပ်နဲ့ ရှမ်းနီတပ်တွေ ထွက်လာပြီး လာတိုက်တာ KIAတွေ ရှိတဲ့ဂိတ်ကို လာပစ်တာ။ လက်နက်ကြီးတွေအိမ်ပေါ်ကျလို့မီးလောင်ကုန်တယ် ” လို့ ပြောပါတယ်။
” ရွာထဲဝင်ပီး မီးရှို့သွားလို့ အဲ့လောက်အများကြီးလောင်ကုန်တာပေါ့ ၊ ဒီဘက်ကအိမ်တွေက
တစ်အိမ်နဲ့တစ်အိမ်ကျဲတယ် ၊ မီးကူးဖို့မလွယ်ဘူး ဝင်ရှို့လို့လေ ” လို့ နောက်ထပ် မျက်မြင်သိရှိ တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
People Radio Myanmar အနေနဲ့ KIA အထိုင်ချဂိတ်အဖွဲ့ကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး ။
မနေ့ကမနက်ပိုင်းကစပြီး နန့်ယားကားလမ်းတွင် ကားများ ပိတ်မိနေခဲ့ပြီး ယခုအခါ ဖားကန့် လမ်းပိုင်းမှာ KIA ပူးပေါင်းတပ်ဖွဲ့ တွေ က အချိန်ပိုင်းလမ်းဖွင့်ပေးမှု့ကြောင့် ခရီးသွားနဲ့ကုန်စည် ကားများတွေ လာလို့ရပြီလို့သိပါတယ်။
လက်ရှိမှာတော့ ဖားကန့်မြို့နယ် မိုးညှင်းခရိုင် နန့်စမ်း ဒေသဘက်မှာ လက်နက်ကြီးပစ်ခတ်သံများကြားရသလို ယခုရက်ပိုင်းတွင် ဖားကန့်မြို့နယ်အတွင်း စစ်တပ်နှင့် KIA ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ် တွေ ပြောစကား အရ သိရပါတယ်။
News : Tiffany Suu
Photo : CJ