
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ်နဲ့ မုပ္ပလင်လမ်းဆုံ ရဲဂိတ်တို့ကို KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဖေဖော်ဝါရီလ၁၁ရက်နေ့ မနက်၁၀နာရီ၄၀မိနစ်အချိန်နဲ့ ၁၁နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ စစ်တောင်းတံတားသစ်ဂိတ်ကို ဒရုန်းနဲ့ ၂ကြိမ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကိုဒရုန်းနဲ့၁ကြိမ်ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ KRFမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်တောင်းတံတားသစ်ဂိတ်က အင်အား၇ဦးဝန်းကျင်ရှိတယ် မုပ္ပလင်လမ်းဆုံရဲဂိတ်မှာ တော့အင်အား၁၅ဦးဝန်းကျင်လောက်တော့ရှိတယ်၊ စစ်တောင်းတံတားသစ်ဂိတ်ကို ဒရုန်း၂ စီးနဲ့သွားချတာ၊ မုပ္ပလင်ဂိတ်ကိုကဒရုန်းတစ်စီးပေါ့ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးကနဦး သိရတာကမုပ္ပလင်လမ်းဆုံရဲဂိတ်က ရဲ (၁) ဦးသေဆုံးတယ်လို့ သိရတယ်လို့ ကြားသိရ ပေမဲ့အတည်မပြုနိုင်သေးပါဘူး စုံစမ်းစစ်ဆေးဆဲပါ” လို့ သူကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မုပ္ပလင်ကျေးရွာအတွင်းပုံမှန်အတိုင်း ပြန်လည်သွားလာနေကြသလို ည၁၁နာရီဝန်းကျင်အချိန်မှာတော့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းဖြစ်ခတ်နေတယ်လို့ ရွာခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“အခုကတော့ပစ်ခတ်ပြီးခဏပါပဲ ပုံမှန်အတိုင်းသွားလာနေကြတယ် စစ်ဆေးတာမျိုးတော့မရှိ တော့ပါဘူး အဲ့ဒီလမ်းဆုံဂိတ်မှာတော့ပစ်သံကြားလိုက်တယ် ဘယ်ချိန်လည်းတော့မသိတော့ဘူး အခုကတော့သူတို့ပါသူတို့လိုက်ပစ်နေတယ် သေနတ်တွေနဲ့အဲ့ဒီလမ်းဆုံဂိတ်ကပဲထင်တယ်အဲ့ဂိတ်တွေကစစ်ဆေးရေးဂိတ်တွေလေ လဝကဂိတ်ရောပေါ့ စစ်တာကတော့ခရီးသွားကားလောက်ပဲမှတ်ပုံတင်လောက်စစ်တာပေါ့ တခြားတော့မသိဘူး”ဆိုပါတယ်။
အခု၂၀၂၄ခုနှစ်အတွင်းကျိုက်ထိုမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့ စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်တာဟာ ပထမဦးဆုံးအကြိမ်တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၀ရက်နေ့တုန်းကလည်း ကျိုက်ထိုကနေ ဘီးလင်းကိုမောင်းနှင်လာတဲ့ ဗိုလ်ကြီးထွန်းထွန်းနဲ့အဖွဲ့ဝင်၃ဦးလိုက်ပါလာတဲ့ကားကို ကျိုက်ထို−ဘီးလင်းကြားအဝေးပြေး လမ်းမကြီးတစ်နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါသေးတယ်။
ဒါ့အပြင်မွန်ပြည်နယ်အတွင်းကရေးမြို့၊သံဖြူဇရပ်မြို့နဲ့ကျိုက်မရောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ဒီဇင်ဘာလနဲ့ ဒီဇင်ဘာလအထိကို နှစ်ဖက်ထိတွေပစ်ခတ်တာတွေ၊ စစ်ကောင်စီတပ်သတင်းပေးသူတွေမှာရှင်းလင်းခံခဲ့ရတာကြောင့်စစ်ကောင်စီသား ၁၀ဦးထပ်မနည်းသေဆုံးခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)