မြန်မာ

ချောင်းနှစ်ခွကျေးရွာအတွင်းစစ်တပ်က ၃ရက်ဆက်တိုက်ဂျက်ဖိုက်တာနဲ့လာရောက်ပစ်ခတ်

ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ၃ရက်ဆက်တိုက်လာရောက်ပစ်ခတ်ခဲ့ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။   ဒီဇင်ဘာလ၂၂ရက်နေ့ကနေ ၂၄ရက်နေ့ထိကို စစ်တိုက်ကဂျက်ဖိုက်တာလေယာဉ်နဲ့ ၃ရက်ဆက်တိုက်လာရောက်ပစ်ခတ်ခဲ့တာကြောင့် ချောင်းနှစ်ခွကျေးရွာမွန်စုစာသင်ကျောင်းအနီးက နေအိမ်၈လုံးလောက်ထပ်မံမီးလောင်ခဲ့ပါတယ်။  …

မြန်မာ

ကော့ကရိတ်မြို့ရှိ နေအိမ် ၃၀ နီးပါး ထပ်မံမီးလောင်ပျက်စီး

ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊လှိုင်ဝကွက်သစ်ရှိ နေအိမ် ၃၀ နီးပါး ထပ်မံမီးလောင်ပျက်ဆီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF…

မြန်မာ

စစ်တပ်ကဂျက်ဖိုက်တာနဲ့ ၂ရက်ဆက်တိုက်လာရောက်ပစ်ခတ်တာကြောင့် ချောင်းနှစ် ရွာကနေအိမ်တွေထပ်မံမီးလောင်

ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ဘက်က ရိက္ခာ၊လက်နက်ခဲရမ်းလာချချိန်ဂျက်ဖိုက်တာနဲ့ ၂ရက်ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်တွေထိပ်မံမီးလောင်ခဲ့တယ်လို့သိရပါတယ်။   ဒီဇင်ဘာလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့နှစ်ရက်ဆက်တိုက်ချောင်းနှစ်ခွရဲစခန်းကို စစ်တပ်ကရိက္ခာ၊လက်နက်ခဲရမ်းလာချချိန် ဂျက်ဖိုက်တာနဲ့ပစ်ကူပေးခဲ့တာကြောင့် ချောင်း နှစ်ခွရဲစခန်းအနီးကနေအိမ်တစ်ချို့နဲ့ စာသင်ကျောင်းအရှေ့နားမှာရှိတဲ့ နေအိမ်၂လုံးလောက်…

မြန်မာ

ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်

ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရက်…

မြန်မာ

စစ်ဘေးရှောင်နေရတဲ့ ရငဲရွာမှာ ဆိုင်ခန်းတွေမီးလောင်ပျက်စီး

ဒီဇင်ဘာလ ၂၃ရက်နေ့၊ ၂၀၂၃ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရတဲ့ ရငဲရွာမှာ ဆိုင်ခန်းတွေမီးလောင်ပျက်စီးခဲ့တယ်လို့ ရငဲရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၁ရက်နေ့၊ ည ၁၁နာရီဝန်းကျင်လောက်မှာ ရငဲရွာရှိ…

မြန်မာ

တိုက်ပွဲတွေဖြစ်ပြီးလမ်းတွေပိတ်ထားတာကြောင့် မြဝတီမြို့ကိုသွားလာတဲ့အခါ ခရီးစရိတ်မြင့်တက်နေ

ဒီဇင်ဘာလ ၂၂ရက်၊၂၀၂၃ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နဲ့ မြဝတီ−ကော့ကရိတ်အာရှလမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေရပြီးမြဝတီမြို့ကို ခရီးသွားလာတဲ့အခါ ခရီးစရိတ်တွေလည်းမြင့်တက်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာလ၁ရက်နေ့ကနေစပြီး ကော့ကရိတ်မြို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကာ မြဝတီ−ကော့ကရိတ်အာရှလမ်းကိုလည်းပိတ်ထားတာကြောင့်ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေကြပြီး အရင်ကဘားအံကနေမြဝတီကိုသွားတဲ့အခါမှာ…

မြန်မာ

ကော့ကရိတ်မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိ မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး စစ်တပ်နဲ့ KNLA…

မြန်မာ

လောင်းလုံမြို့ပေါ်က အုပ်ချုပ်ရေးမှူးအိမ်နဲ့ စစ်မှုထမ်းဟောင်းရုံး မီးရှို့ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်နှစ်ဦး အသတ်ခံရ

ဒီဇင်ဘာလ ၂၂ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦး အသတ်ခံလိုက်ရတယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတွေနဲ့ဆီက‌နေ သိရပါတယ်။ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ လောင်းလုံမြို့ကို ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ကားကို…

မြန်မာ

ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ်လို့ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွား

[videopress 4vw8eeqS] ဒီဇင်ဘာလ ၂၀ရက်နေ့၊ ၂၀၂၃ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DGRFရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၈ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ အင်အား…

မြန်မာ

တောင်ကြာအင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။ တောင်ကြာအင်းကျေးရွာမှာ ဒီဇင်ဘာလ…