စစ်တပ်ကဂျက်ဖိုက်တာနဲ့ ၂ရက်ဆက်တိုက်လာရောက်ပစ်ခတ်တာကြောင့် ချောင်းနှစ် ရွာကနေအိမ်တွေထပ်မံမီးလောင်

ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ဘက်က ရိက္ခာ၊လက်နက်ခဲရမ်းလာချချိန်ဂျက်ဖိုက်တာနဲ့ ၂ရက်ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်တွေထိပ်မံမီးလောင်ခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့နှစ်ရက်ဆက်တိုက်ချောင်းနှစ်ခွရဲစခန်းကို စစ်တပ်ကရိက္ခာ၊လက်နက်ခဲရမ်းလာချချိန် ဂျက်ဖိုက်တာနဲ့ပစ်ကူပေးခဲ့တာကြောင့် ချောင်း နှစ်ခွရဲစခန်းအနီးကနေအိမ်တစ်ချို့နဲ့ စာသင်ကျောင်းအရှေ့နားမှာရှိတဲ့ နေအိမ်၂လုံးလောက် ထပ်မံမီးလောင်ခဲ့တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

“တနေ့ကနဲ့မနေ့ကနဲ့သူတို့ရိက္ခာလာချရင်းနဲ့လေယာဉ်ဗုံးကြဲလိုက်ကြဲပြီးလိုက်ပစ်တာရွာထဲကရဲစခန်းနားကအိမ်လည်းမီးထပ်လောင်တယ်ရွာထဲကစာသင်ကျောင်းအရှေ့မျက်စောင်းထိုးကအိမ်တစ်လုံးနှစ်လုံးမီးထပ်လောင်တယ်ပစ္စည်းချတာတစ်စီးဂျက်ဖိုက်တာတစ်စီးပေါ့ နှစ်ရက်ဆက်တိုက်လာချတာပေါ့”လို့သူကပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ၂၂ရက်နေ့ညနေ၄နာရီအချိန်တုန်းကလည်း Mi35 ရဟတ်ယာဉ်နဲ့ ချောင်းနှစ်ခွနဲ့ တောင်ကလေးကျေးရွာအနီးတစ်ဝိုက်ကို အချိန်တော်တော်ကြာလာ ရောက်ပစ်ခတ်ခဲ့သေးတယ်လို့တောင်ကလေးကျေးရွာနေအမျိုးသားတစ်ဦးကဆိုပါတယ်။

“မနေ့ကလည်း ရဟတ်ယာဉ်နဲ့ လာပစ်တယ် ညနေမိုးချုပ်တဲ့ထိကိုတစ်စီးပြီးတစ်စီး လာပစ်နေတာ မနေ့ကဖုန်းဆက်နေတဲ့ချိန်ညနေ၄နာရီလောက်ပဲ တစ်စီးပြန်လာပြီး အရှေ့ဖက်ကို ပစ်နေတာပဲ”လို့သူကပြောပါတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်းမှာ စစ်တပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတော့ပေမဲ့ တိုက်ပွဲငယ်တွေမကြာခဏဖြစ်ပွားနေသလို KNLAပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ချောင်းနှစ်ခွရဲစခန်းကို သွားရောက်ပစ်ခတ်တာတွေရှိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ၁၀ရက်နေ့ကနေချောင်းနှစ်ခွရွာမှာတိုက်ပွဲဖြစ်ပွားတာ တစ်လကျော် ကြာမြင့်နေပြီး စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်းကနေအိမ်၅၀ဝန်းကျင်လောက်မီးလောင်ပျက်စီးခဲ့ကာ ပေါလောကျေးရွာနဲ့ မိကသစ်ကျေးရွာကဦးဇင်းတစ်ပါးနဲ့ ကလေးနှစ်ဦးသေဆုံးခဲ့သလို ဒေသခံ၄၀၀၀ဝန်းကျင်မှာလည်း စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသတွင်အရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)

***********