စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ကော့ကရိတ်မြို့အတွင်းကနေအိမ်၂လုံးထပ်မံမီးလောင်
ဇန်နဝါရီလ ၂၆ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်ဒုရုန်းနဲ့ ဗုံးကြဲတာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူ နေအိမ်၂လုံးထပ်မံမီးလောင်ခဲ့တယ်လို့ KNLAသတင်းအရင်းမြစ်တွေဆီကနေသိရပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့မနက်၁၁နာရီဝန်းကျင်အချိန်မှာ စစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အမှတ်(၇) ရပ်ကွက်မှာရှိတဲ့…