စစ်ကောင်စီတပ်ကMi35 ရဟတ်ယာဥ်နဲ့ပစ်ခတ်တာကြောင့်အနင်းကျေးရွာကနေအိမ်၅လုံးပျက်စီး
ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၂၄ မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဇန်နဝါရီလ ၃၁ရက်နေ့ မနက်၆နာရီဝန်းကျင်အချိန်ကနေ အနင်းကျေးရွာမှာနှစ်ဖက်ထိတွေ့တိုက်ပွဲ ၅နာရီအကြာဖြစ်ပွားခဲ့ကာ စစ်တပ်က Mi35 ရဟတ်ယာဉ်နဲ့ပါလာရောက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်၅လုံး ပျက်စီးခဲ့တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။…