မြန်မာ

ထို့ကော်ကိုးလမ်းပိုင်းမှာ  ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေအခက်ခဲကြုံနေရ

ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၂၃ခုနှစ်   ကရင်ပြည်နယ်၊ မြဝတီ−ကောကရိတ်အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်မြို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်အခက်အခဲကြုံတွေ့နေရတယ်လို့ ယာဉ်မောင်းတွေဆီက နေသိရပါတယ်။ ဒီဇင်လာ၁ရက်နေ့စပြီး စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ကော့ကရိတ်မြို့မှာ…

မြန်မာ

ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

[videopress Kdr4xE3I] ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၁၁ရက်နေ့ကနေ…

မြန်မာ

မောရဝတီရေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ဒီဇင်ဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဌာနချုပ်က အရာရှိအိမ်ရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force ရဲ့ တာဝန်ရှိသူဆီကနေသိရပါတယ်။ ဒီဇင်ဘာလ ၁၅ရက်နေ့၊ မနက် ၈နာရီခွဲလောက်မှာ…

မြန်မာ

စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမှတ်၇ရပ်ကွက်ကနေအိမ်၄လုံးထပ်မံမီးလောင်

ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အမှတ်၇ရပ်ကွက်ကနေအိမ်၄လုံးထပ်မံမီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ရက်နေ့ ည၁၀နာရီဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ ခမရ၉၇တပ်၊စကခ၁၉၊ နေပူခံကုန်းနဲ့ တောင်ပေါ်ကျောင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်…

မြန်မာ

မြဝတီ-ကော့ကရိတ် အာရှလမ်းနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်

ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၂၃ ခုနှစ်   ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမနားမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီဇင်ဘာလ…

မြန်မာ

နတ်တလင်းမြို့အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၂၃ခုနှစ်   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတွေ တပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဆီကနေသိရပါတယ်။ ဒီနေ့ဒီဇင်ဘာလ ၁၅ရက်နေ့ မနက်၇နာရီ၃၀မိနစ်အချိန်မှာ နတ်တလင်းမြို့အရှေ့ပိုင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့စစ်သားတွေကို နယ်မြေခံပြည်သူ့ကာကွယ်…

မြန်မာ

တိုက်ပွဲတွေငြိမ်သက်နေတဲ့ တောင်ကလေးကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ဒေသခံတစ်ချိုု့ထွက်ပြေးတိမ်းရှောင်နေရ

ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၂၃ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့က တောင်ကလေးကျေးရွာနဲ့အနီးအနားကျေးရွာတွေမှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာဒေသခံတစ်ချို့မှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဒီဇင်ဘာလဒုတိယအပတ်လောက်ကနေစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်တပ်ရဲ့ မုဒုံအမြှောက်တပ်နဲ့တောင်ကလေးစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ ကြောင့်တောင်ကလေးကျေးရွာအနီးက ပေါလောကျေးရွာအတွင်းမှာလည်းလက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ဒေသခံတွေမှာဘုရားသုံးဆူမြို့နဲ့ဘက်တွေကို သွား…

မြန်မာ

ပုလောမှာ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တရက်တွင်း နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနစ်   တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ မြေတင်သားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တရက်တွင်း နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၂ရက်နေ့၊…

မြန်မာ

မြိတ်မြို့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းနေအိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဒီဇင်ဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနစ်   မြိတ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်က တနင်္သာရီတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းနေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မြိတ်မြို့ရှိ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီဇင်ဘာလ ၁၂ရက်နေ့၊ ည၇နာရီလောက်က မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊…

မြန်မာ

Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဒီဇင်ဘာလ ၁၃ရက်နေ့၊ ၂၀၂၃ခုနစ် တနင်္သာရီတိုင်း အခြေစိုက် Dawei Watch သတင်းဌာရဲ့ မြိတ်မြို့က သတင်းထောက်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ Dawei Watch သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီဇင်ဘာလ ၁၁ရက်နေ့၊ ညသန်းခေါင်အချိန်လောက်မှာ…