ကချင်နေရပ်ပြန်စစ်ရှောင်များ ထပ်မံစစ်ဘေးရှောင်ရမည်ကို စိုးရိမ်နေ၊
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ် စစ်ရေးတင်းမာမှုကြောင့် ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်ရှိ နေရပ်ပြန်စစ်ရှောင်တွေက ထပ်မံစစ်ဘေးတိမ်းရှောင်ရမှာကို စိုးရိမ်နေကြကြောင်းကို ဒေသခံများထံမှ သိရပါတယ်၊၊ အဆိုပါနေရပ်ပြန်စစ်ရှောင်တွေက ၂၀၂၃ ခုနှစ် မတ်လ မှ စတင်ကာ နေရပ်ကိုတရားဝင်ပြန်လာနေထိုင်ကြသူများဖြစ်ကြပြီး ဒဘတ်ယန်၊ဂါးရာယန်၊ကဇူးယန်…







