
ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃
ရှင်ဗွေယန်-နန်းယွန်းကြား လမ်းပိုင်းပြုပြင်ရေးကို ရှင်ဗွေယန်မြို့က ဒေသခံတွေစုပေါင်းပြီး လမ်းပြုပြင်မူကို စတင်လုပ်ဆောင်နေတယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက တဆင့် သိရပါတယ်။
ရှင်ဗွေယန်-နန်းယွန်းကြား မြေပြိုကျမှုကြောင့် လမ်းပိုင်းပြတ်ကျမှုနဲ့ တံတားပျက်စီးမှုဟာ ကြီးမားတဲ့ပျက်စီးမှုကြီးဖြစ်ပြီးတော့ ၄င်းပျက်စီးမှုအတွက် ပြုပြင်ထိန်းသိမ်းတည်ဆောက်ဖို့ ကုန်ကျစရိတ် ကြီးမားနိုင်ပြီး လက်ရှိ စကစ လက်အောက်ခံ သက်ဆိုင်ရာဌာနများမှ တာဝန်ယူ လုပ်ဆောင်နေတာမျိုး မရှိဘူး လို့လည်း သိရပါတယ်။
၄င်းလမ်းပိုင်းပြတ်ကျမှုကြောင့် အဲဒီဒေသက ဒေသခံတွေဟာ လက်ရှိကာလအထိ သွားလာရေး ခက်ခဲနေဆဲဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှု စိုးရိမ်နေကြပြီး တချို့စားသောက်ကုန် စျေးနှုန်းများ မြှင့်တက်နေပြီ လို့လည်း သိရပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးဌာနတွေ ပုံမှန်လည်ပတ်နေတဲ့ ဒေသဖြစ်ပေမယ့် လက်ရှိ နန်းယွန်းမြို့နယ်အတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်က တံတားပျက်စီးမှုနဲ့ ရာသီဥတုကြောင့် လမ်းပိုင်းပြတ်ကျမှုကိုတော့ ပြုပြင်ပေးခြင်းမရှိသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
#People_Radio_Myanmar
#NagaNews
#traansport_naga_region
#နန်းယွန်းဒေသ