ချောင်းနှစ်ခွတံတားကနှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကဗိုလ်မှူးတစ်ဦး၊ဒုဗိုလ်နှစ်ဦးနဲ့အများအပြားသေဆုံးခဲ့တယ်လို့တော်လှန်ရေးအင်အားစုထုတ်ပြန်
နိုဝင်ဘာလ ၁၆၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွတံတားနဲ့ အနီးအနားကျေးရွာတွေမှာ နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ၆ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်နှစ်ဦးအပါအဝင် (၂၂)ဦးသေဆုံးခဲ့ပြီး (၂၈)ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFကသတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ (၁၀)ရက်နေ့မှာ KNLAပူးပေါင်းတပ်ဖွဲ့တွေကချောင်းနှစ်ခွရဲစခန်းနဲ့တံတားကိုတိုက် ခိုက်ခဲ့ကြပြီး…