ချောင်းနှစ်ခွနဲ့တောင်ကလေးတိုက်ပွဲအတွင်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်နှစ်ဦးသေဆုံး
နိုဝင်ဘာလ ၁၃ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ကျေးရွာနဲ့တောင်ကလေးကျေးရွာလမ်းပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်အချိန်မှာ တောင်ကလေးရဲစခန်းကနေ အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်…