ထို့ကော်ကိုးလမ်းပိတ်မယ်ဆိုတဲ့သတင်းဟာ သတင်းမှာသာဖြစ်တယ်လို့ဆို
မတ်လ ၂၃ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးမှာစစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကိုသာအသုံးပြုသွားလာနေကြကာ အခုလက်ရှိအချိန်မှာလည်း ထို့ကော်ကိုးလမ်းပိုင်းကိုပိတ်ဆို့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းမှာအမှားသာဖြစ်တယ်လို့ ယာဉ်မောင်းတွေဆီကနေသိရပါတယ်။ မတ်လ၂၅ရက်နေ့မှာ ထို့ကော်ကိုးလမ်းပိုင်းပိတ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေေပမဲ့လဲ အခုလက်ရှိအချိန်ထိ ခရီးသယ်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေမှာလည်း ပုံမှန်အတိုင်းသွားလာနေကြသလို ခရီးစရိတ်တိုးပြီး တောင်းခံတာမျိုးလည်းမရှိဘူးလို့ယာဉ်မောင်းတစ်ဦးကပြောပါတယ်။ “ ဂိတ်တွေလည်းမေးတာတော့မဟုတ်ဘူးလို့ပြောတယ်…