
မတ်လ ၂၃ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးမှာစစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကိုသာအသုံးပြုသွားလာနေကြကာ အခုလက်ရှိအချိန်မှာလည်း ထို့ကော်ကိုးလမ်းပိုင်းကိုပိတ်ဆို့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းမှာအမှားသာဖြစ်တယ်လို့ ယာဉ်မောင်းတွေဆီကနေသိရပါတယ်။
မတ်လ၂၅ရက်နေ့မှာ ထို့ကော်ကိုးလမ်းပိုင်းပိတ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေေပမဲ့လဲ အခုလက်ရှိအချိန်ထိ ခရီးသယ်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေမှာလည်း ပုံမှန်အတိုင်းသွားလာနေကြသလို ခရီးစရိတ်တိုးပြီး တောင်းခံတာမျိုးလည်းမရှိဘူးလို့ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“ ဂိတ်တွေလည်းမေးတာတော့မဟုတ်ဘူးလို့ပြောတယ် ကားအသွားအလာကောခရီးသည် ကားခဈေးတွေကောအရင်အတိုင်းပဲ၂၅ရက်နေ့လမ်းပိတ်မယ်ဆိုပြိးတင်ထားတာတွေတော့တွေ့တယ်ဘယ်လိုလာမလည်းတော့မသိဘူးလိုကမေးတော့ဘယ်သူမှတိတိကျကျမသိဘူး’’သိရပါတယ်။
သွားလာနေတဲ့အချိန်တိုက်ပွဲဖြစ်ပွားမှသာ လမ်းပိုင်းတွေပိတ်ဆို့မှာဖြစ်ပြီး ထို့ကော်ကိုးလမ်းပိုင်းကို တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေးကောင်စီ PCအဖွဲ့ဘက်ကတော့လမ်းပိတ်တာမျိုးလုပ်ဆောင်ခြင်းမရှိဘူးလို့ KNU/KNLA (PC)သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
“အစ်ကိုတို့ PCအဖွဲ့ကတော့လမ်းကိုမပိတ်ပါဘူး ဒါပေမဲ့ တိုက်ပွဲကသွားတဲ့လမ်းတွေနေရာတွေမှာဖြစ်ရင်တော့ သွားလာလို့မရကြဘူးဖြစ်မယ်ဒါပဲပေါ့ တိုက်ပွဲမဖြစ်ရင်တော့ပိတ်ဆို့တာမျိုးမရှိပါဘူး”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလပိုင်းက ကော့ကရိတ်မြို့နယ်တစ်ဝိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ အာရှလမ်းမကိုပိတ်ထားခဲ့ရတာကြောင့် ထို့ကော်ကိုးလမ်းကိုအသုံးပြုသွားလာနေကြတာပဲဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than(People’s Radio Myanmar)