စစ်ေရှာင်ပြည်သူေတွ ကော့ကရိတ်မြို့တွင်းပြန်နေမှသာ ရိက္ခာထောက်ပံ့မယ်လို့ဆို စစ်ေကာင်စီတပ်ကဆို
မေလ ၂၀ရက် ၂၀၂၄ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ မြို့တွင်းပြန်လည်ထူထောင်ရေးအနေနဲ့ မီးကြိုးသွယ်တန်းတာတွေ၊ ရိက္ခာပေးတာတွေကို စစ်ေကာင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေကလုပ်ဆောင်နေပေမဲ့လည်း မြို့တွင်းပြန်လည်နေထိုင်သူတွေကိုသာ ရိက္ခာထောက်ပံ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလအတွင်းမှာ ကော့ကရိတ်မြို့တွင်းပြန်လည်းနေထိုင်လို့ရပြီလို့ စစ်တပ်ကကြေညာပြီးနောက် ရိက္ခာအတွက် ခန်းမမှာ စာရင်းသွားပေးသွင်းရတာဖြစ်ပါတယ်။…