
မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်က နောင်ကျောကျေးရွာအုပ်စု၊ ပုန်လောင်းရွာက အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၄ ရက် မွန်းလွှဲ ၃ နာရီလောက်မှာ အသက် (၂၃) နှစ်အရွယ် ကိုခွန်စောလှဟာ သူ့ရဲ့တောင်ယာခြံထဲကိုအသွား နောင်အယ်ကျေးရွာတောင်ဘက်အရောက်မှာ မြေမြုတ်မိုင်းနင်းမိလို့ ညာခြေထောက်ပြတ်သွားသလို ဘယ်ဘက် လက်ချောင်းတွေပါ ပြတ်ထွက်သွားတယ်လို့ ကိုခွန်ေစာလှ နဲ့ နီးစပ်သူတစ်ဦးက People’s Radio Myanmar ကို ပြောပါတယ်။
“ သူက သူ့ခြံကိုသွားတာ မြေမြှုပ်မိုင်းနင်းမိပြီးညာဖက်ခြေထောက် ခြေကျင်းဝတ်အထက်နားက ပြတ်တောက် သွားတယ်” လို့ သူကဆိုပါတယ် ။
ဒဏ်ရာပြင်းထန်တဲ့အတွက် ကိုခွန်စောလှဟာ အခုလက်ရှိအချိန်ထိအောင်ပန်းမြို့ ကုတင် ၇၀၀ မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေထောင်းထားခဲ့တဲ့ မိုင်းတစ်ချို့ဟာ ဟာအဆောက်အဦးနဲ့ ပိမိနေတဲ့အတွက် ပြည်သူတွေက မမြင်ပဲတက်နင်းမိလို့ပေါက်ကွဲတာမျိုးတွေရှိသလို ကိုခွန်စောလှနင်းမိတဲ့မိုင်းကတော့ တရုတ်ထုတ်ဖြူးဗုံးတွေ နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ၎င်းဟာ လက်ထဲမှာ ပွတ်မိရင်တောင် ပေါက်ကွဲတတ်တဲ့ မိုင်းအမျိုးအစားဖြစ်တယ်လို့လဲ စစ်ကောင်စီတပ် နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ် ။
“တရုတ်ထုတ်ဖြူးဗုံးက လက်ထဲမှာ ပွတ်မိလို့ ပူရင်ကိုပေါက်တာ ပေါက်တာနဲ့ လက်သုံးချောင်း အပြတ်ဘဲ” လို့ သူကပြောပါတယ်။
ခုလို စစ်အကြွင်းအကျန်ပစ္စည်းတွေ ပေါက်ကွဲလို့ ထိမှန်ဒဏ်ရာရသူအများစုဟာ သံတိုသံစကောက်သူတွေဖြစ်တယ်လို့လဲ သူကဆက်ပြောပါတယ် ။
အလားတူ မေလ ၈ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာက အမျိုးသားတစ်ဦး ရေချိုးဆင်းရာ နောင်ရင်းရွာတံတားအောက်မှာ မြေမြုတ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ခြေကျင်းဝတ် ပြတ်ထွက်သွားတယ်လို့ ဆီဆိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဆီဆိုင်မြို့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲသုံးလကြာဖြစ်ပွားပြီးနောက် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်တွေဟာ မတ်လ ၂၄ ရက်နေ့မှာ ပြန်လည် စိုးမိုးထားပြီးနောက် မေလ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့ထဲပြန်ခေါ်ပြီးနောက် စစ်ကြွင်းစစ်ကျန်ပစ္စည်းတွေကြောင့်ထိခိုက်ဒဏ်ရာရသေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။
သတင်း- Naw Drizzle
ပုံ- လူမှုကွန်ရက်