ချောင်းနှစ်ခွတံတားအနီးကကျေးရွာမှာစစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ဆက်ပြီးတိုက်ပွဲပြင်းထန်နေ
နိုဝင်ဘာလ ၁၅ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ချောင်းနှစ်ခွတံတားအနီးကကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဆက်ပြီး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ အခု(၁၅)ရက်နေ့ထိကို ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာ က လမ်းပိုင်းအတွင်းမှ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့…